ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းမ် - အဘအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ခဲ့တယ်ဆိုတာ သိလိုပါတယ်။ ဦးပီတာလင်းပင် - သမ္မတကြီးဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် တို့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေး လုပ်မယ် ဆိုတာကို ထုတ်ပြန်တယ်။ အဘအနေနဲ့လဲ ဒီကိစ္စကို လက်ခံကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးကနေတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထံ ကို စာတစ်စောင်ရေးလိုက်တယ်။ ဒီစာထဲမှာ ပြည်ပနိုင်ငံကို ရောက်နေတဲ့ ၂၁နှစ်တာကာလအတွင်း ဒီလိုအမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ ညှိနှိုင်းဆွေးနွေးတဲ့ကိစ္စဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာဖြစ်လာမယ့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ အမျိုး သားရင်ကြားစေ့ရေးကိစ္စကိုအောင်မြင်မယ်လို့ ယူဆတဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်းပါတယ်။ ဒီလို ၀မ်းမြောက်ဝမ်းသာကြိုဆို တာကို လက်တွေ့ပြတဲ့အနေနဲ့ တိုင်းပြည်ကို ပြန်လာမယ်လို့ လဲ ထည့်ရေးထားတယ်။ စာပို့လိုက်ပြီး မကြာခင်ရက်ပိုင်း အတွင်းမှာ မြန်မာပြည်ကို ပြန်လာလို့ရပြီဆိုပြီး အကြောင်း ပြန်လာတယ်။ မြန်မာပြည်ပြန်ဖို့ကိစ္စကို အမေရိကန်က မြန်မာသံရုံးရယ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနရယ်က ကူညီကြတယ်။ ထိုင်းနိုင်ငံ မြန်မာသံရုံးကလဲ လေယာဉ်လက်မှတ် ကအစ ကူညီပေးပါတယ်။ ရန်ကုန်တိုင်းမ်- အဘက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ရော၊ လွှတ် တော်ကိုယ်စားလှယ်များအဖွဲ့မှာလဲ သဘာပတိအဖွဲ့ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ယောက်ဆိုတော့ ဒီလို မြန်မာပြည်ပြန်လာဖို့ကြိုးစားတဲ့အခါ ပြည်ပရောက် မြန်မာ အသိုင်းအ၀ိုင်းဘက်က ဘယ်လိုပြောဆိုကြတယ်ဆိုတာ သိလိုပါတယ်ခင်ဗျာ။ ဦးပီတာလင်းပင်- ပြန်လာဖို့ကိစ္စကို အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့၊ ကိုမိုးသီးဇွန်တို့၊ မကြာမီက အမေရိကားရောက်လာတဲ့ နေတင်မြင့် ပြီးတော့ အန်အယ်လ်ဒီလူငယ်ခေါင်းဆောင် ကိုမြင့်စိုးတို့နဲ့ စကားပြောဖြစ်ပါတယ်။ သူတို့ကို အဘလဲ အသက်ကြီးနေပြီ။ ဒီကိစ္စကို ပါဝင်ပတ်သက်ရမယ်ဆိုပြီး တိုင်ပင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းမ်- အဘက ၁၉၉၀ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှာ ရွေးကောက်ခံရတဲ့ ကိုယ် စားလှယ်လောင်းတစ်ဦးပါ။ အခုအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲကြီးလဲ ကျင်းပပြီးစီးပါပြီ။ လွှတ်တော်ကိုလဲ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ စတင်နေတဲ့အပေါ် မှာ ဘယ်လိုသဘောထားရှိပါလဲ။ ဦးပီတာလင်းပင်- အခုက အသိအမှတ်ပြုလို့ အဘတို့နဲ့ သူတို့နဲ့ ဆက်ဆံနေတာပါ။ ၁၉၉၀ရွေးကောက်ပွဲကို သူတို့က မူအား ဖြင့်သာ အသိအမှတ်မပြုတာပါ။ အသိအမှတ်မပြုဘူးဆို ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နဲ့လဲ တွေ့စရာမလိုဘူး။ အဘကိုယ်တိုင်က ၁၉၉၀ရလဒ်ကဖြစ်လာတဲ့ အမတ်တစ် ယောက်ကို သမ္မတကြီးကိုယ်တိုင်က လက်ခံကြိုဆိုတဲ့ဥစ္စာ က အသိအမှတ်ပြုတာလေ။ ဘယ်လိုအသိအမှတ်ပြုလဲ ဆိုတာက တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ အမျိုး သားရင်ကြားစေ့ရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ပူး ပေါင်းဆောင်ရွက်ချင်စိတ်ရှိပြီး၊ တကယ်လုပ်မယ့်လူတွေ ကိုကြိုဆိုတယ်လေ။ အဘလဲ ဒီကိစ္စတွေကိုကြိုဆိုလက်ခံ ပြီး မြန်မာပြည်ကိုပြန်လာခဲ့တာပါ။ ရန်ကုန်တိုင်းမ်- မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှုတွေအတွက် အဘ အနေနဲ့ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအ စဉ်ရှိနေပါသလဲ။ ဦးပီတာလင်းပင်- ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားရင် ကြားစေ့ရေးကိစ္စတွေက အရေးကြီးတယ်ဆိုတော့ အဘအ နေနဲ့ အဲဒီကိစ္စတွေကို တတ်နိုင်သလောက်လုပ်ဆောင်ပေး ဖို့ရှိပါတယ်။ အဘအသက်ငယ်ရွယ်စဉ်ကတည်းက တိုင်း ပြည်မှာအနိဋ္ဌာရုံတွေပဲ မြင်တွေ့လာရတာ။ အဘ ပြည်ပမှာ နေထိုင်စဉ်ကတည်းက သိလာတာက မြန်မာနိုင်ငံမှာဖြစ်နေ တဲ့ကိစ္စရပ်တွေက တိုင်းတစ်ပါးအကူအညီမယူဘဲ ကိုယ့် ဘာသာဖြေရှင်းရမယ့်ကိစ္စဆိုတာပါ။ ဒီဟာကို သမ္မတကြီး ကိုပေးတဲ့စာမှာလဲ ထည့်ရေးထားတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတကြီးရဲ့ ဥပဓိရုပ်တွေကြည့်ခြင်းအားဖြင့်လဲ သူတို့လုပ်နေတာတွေကို အယုံအကြည်ရှိတယ်။ ဒီအတွက် မြန်မာပြည်ကိုပြန်လာတာ။ အဘအနေနဲ့ အသက်ကြီးနေ ပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့လဲ မရှိဘူး။ လူမှုရေး ကိစ္စရပ်တွေ၊ ကျန်းမားရေးကိစ္စရပ်တွေ၊ ဖွံဖြိုးရေးနဲ့ ဆိုင် တဲ့ကိစ္စရပ်တွေ၊ တိုင်းရင်းသားကိစ္စရပ်တွေပဲ လုပ်ဖို့ရှိတယ်။ အဘက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှစ်ပေါင်း များစွာနေလာခဲ့တယ်။ ပြည်ပရောက် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းဖွဲ့ ထားတဲ့ ငါးဦးကော်မတီမှာ အဘက အတွင်းရေးမှုး(၁)တာ ၀န်ယူထားတယ်။ ဥက္ကဋ္ဌက ကရင်နီက ဆရာရေမန်ထူး၊ ဒုဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ထဲက ဦးသိန်းဦး၊ အ တွင်းရေးမှုးအဖွဲ့ထဲမှာ ကရင်လူမျိုးက တစ်ယောက်ပါတယ်။ မွန်လူမျိုး ဆရာနိုင်ဟံသာက အတွင်းရေးမှုး။ ဒီငါးယောက် ဖွဲ့စည်းထားတဲ့အဖွဲ့မှာ အဘတာဝန်ယူတာဆိုတော့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဘဆို ယုံတယ်။ အဘက ဘယ်သူနဲ့ဖြစ်ဖြစ် ယုံကြည်မှုရှိမှ လုပ်လို့ရတာ။ တချို့က အစိုးရကထုတ်ပြန်တဲ့ကြေညာချက်ကို သို့လော၊ သို့လောဖြစ်နေတယ်။ အဘက အဲဒီလိုမဖြစ်ဘူး။ ဇဝေဇ၀ါ ဖြစ်နေမယ့်အစား ကိုယ်တိုင်လက်တွေ့ပါဝင်လှုပ်ရှားမယ် ဆိုရင် အချိန်ကာလတိုတိုလေးမှာ တိုင်းပြည်က တိုးတက် နိုင်တယ်။ နိုင်ငံခြားကိုလဲ အားကိုးလို့မရဘူး။ သူတို့က ကိုယ့်တိုင်းပြည်ထက်၊ သူ့တိုင်းပြည်ကိုသာ သူချစ်မှာပါ။ အဘထင်တာက လက်ရှိဖြစ်နေတဲ့ကိစ္စရပ်တွေကို မိသားစု စိတ်ဓာတ်နဲ့ ကိုယ်တိုင်ညှိညှိနှိုင်းနှိုင်းဖြေရှင်းမယ်ဆိုရင် အဆင်ပြေသွားမယ်လို့ ထင်တယ်။ ရန်ကုန်တိုင်းမ်- ပြည်ပမှာရှိနေတဲ့ပုဂ္ဂိုလ်တွေက လက်ရှိ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေကို ဘယ်လိုမြင်ကြပါ လဲ။ အဘလိုပဲ မြန်မာနိုင်ငံကိုပြန်လာဖို့ ရှိပါသလား။ ဦးပီတာလင်းပင်- မြန်မာပြည်ကို အဘ ကနဦးထွက်လာတာ ပါ။ အဘက ခိုးပြီးထွက်လာတာမဟုတ်ဘူး။ မိုးသီးဇွန်တို့၊ ထွန်းအောင်ကျော်တို့နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ ဆုံးဖြတ်လိုက် တာ။ အဘသူတို့ကိုပြောတာက ဒီကိစ္စက အချိန်ကောင်း ပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဆိုရင် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ ဒီလိုပြန်လာတာဟာ နိုင်ငံ ရေးနဲ့ဖြေရှင်းတဲ့လုပ်ရပ်ပဲ။ သို့လော သို့လောဖြစ်နေရင် တော့ အဆင်ပြေမှာမဟုတ်ဘူး။ စစ်မှန်တဲ့ဖိတ်ခေါ်ခြင်း လို့ယုံကြည်တဲ့အတွက် အဘပြန်လာတယ်။ နယူးယောက် က သံအမတ်ကြီးကို ဒီကိစ္စတွေ တင်ပြတယ်။ စာရေးတယ်။ သုံးရက်အတွင်း ပြန်လာလို့ရပါတယ်လို့ အဘဆီကို စာပြန် လာတာပါ။ ရန်ကုန်တိုင်းမ်- အဘတို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရက ဘယ်သူတွေများ ပြန်လာဖို့ရှိပါလဲ။ ဦးပီတာလင်းပင်- အဘက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ခေါင်းဆောင် ဒေါက်တာစိန်ဝင်းကို ခေါင်းဆောင်နေရာကိုရယူပြီး တာဝန်ယူစိတ်မရှိတဲ့လုပ်ရပ် တွေကြောင့် အယုံအကြည်မရှိဘူးဆိုပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။ သူက တိုင်းရင်းသားအရေးတွေလဲ ၀င် ရောက်ဆောင်ရွက်ခဲ့တာမရှိတာလဲပါတယ်။ အခု ကိစ္စတွေ ကိုလဲ ဦးစိန်ဝင်းရော၊ ကိုလှတင်ရော မီဒီယာမှာဖြေတာတွေ က အရေးပါတဲ့အရာတွေမပါဘူး။ ဒေါ်စုရယ်၊ ဘယ်သူရယ် ဘယ်နှခေါက်၊ ဘယ်နေရာတွေမှာတွေ့တယ်ဆိုပြီး လျှောက် ပြောထားတယ်။ အဘကတော့လုပ်တဲ့ကိစ္စတွေ မှန်တယ် ဆိုရင်ထောက်ခံမယ်။ အရင်ကတော့ တစ်ဦးတစ်ယောက် တည်းချုပ်ကိုင်တဲ့စနစ်ကနေ အခုတော့ ပြောင်းသွားပြီ။ ဒီပြောင်းသွားတဲ့စနစ်ကို အဘအနေနဲ့ အောင်မြင်မယ်လို့ အဘယုံတယ်။ အဘ အမေရိကားမှာနေတော့ မြန်မာ ပြည်က ဂျာနယ်တွေကို ဖတ်ရတယ်။ လာဘ်စားတဲ့လူတွေ ကို ဖမ်းတယ်ဆိုတာတွေ တွေ့ရတယ်။ ရန်ကုန်မြို့တော် မှာဆိုလဲ ပြောင်ပြောင်ရောင်ရောင်မရှိဘူး။ ဒီက သက်ဆိုင် ရာတာဝန်ရှိသူတွေကို ဒီအဖြစ်အပျက်တွေမေးကြည့် တော့ သူတို့က အခုတက်လာတဲ့ မြို့တော်ဝန်ကတော့ အင်မတန်တော်ပါတယ်။ မကြာခင်မှာ ရန်ကုန်မြို့ကြီးက ပြောင်းလဲသွားပါမယ်လို့ ဖြေကြတယ်။ ရန်ကုန်တိုင်းမ်- ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနေတာတို့၊ အမျိုးသားရင်ကြားစေ့ရေးကိုဆောင် ရွက်နေတာနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။ ဦးပီတာလင်းပင်- တိုးတက်တာတွေ အများကြီးရှိလာတယ်လို့ အဘမြင်ပါတယ်။ အရင်တုန်းကနဲ့မတူတော့ဘူး။ အများ အားဖြင့် ရှေ့ကိုတက်နေပြီဆိုတာ အဘယုံတယ်။ ရှေ့ တက်ဖို့မှာ အဓိကလိုအပ်ချက်က ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ “ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့အစိုးရကို ရ တယ်” ဆိုသလို ပြည်သူတွေကလဲ ပါဝင်ပတ်သက်ရမယ်။ စောင့်ကြည့်လို့မရဘူး။ အဘတို့ အတိုက်အခံနိုင်ငံရေး လောကမှာ စောင့်ကြည့်ဦးမယ်ဆိုတာ ပြောနေကြတယ်။ အဘပြောချင်တာက စောင့်ကြည့်လို့မရဘူး။ လက်တွေ့လုပ် ရမယ်။ ဒါဖြင့်ရင် ၀င်ပါရမယ်။ မကြိုက်ရင် နောက်ဆုတ် လိုက်။ အဲလိုမလုပ်ဘဲနဲ့ စောင့်ကြည့်ဦးမယ်၊ စောင့်ကြည့် ဦးမယ်ဆိုတာ ဘာမှအကျိုးမရှိဘူး။ အဘ ဒီကိုလာခါနီးမှာ အစည်းအဝေးမျိုးစုံလုပ်ခဲ့တယ်။ နောက်ဆုံး အစည်းအဝေး တစ်ခုမှာ ဝေဖန်တဲ့လူတွေကိုတွေ့ရပြန်တော့ အဘက “ခင်ဗျားတို့ သတ္တိဘယ်လောက်ရှိလဲ”လို့ မေးလိုက်တယ်။ ခင်ဗျားတို့က ဝေဖန်ရုံသက်သက်ပဲ၊ သတ္တိမရှိဘူး။ ကျွန်တော် က လက်တွေ့ပဲ။ လက်တွေ့ဖြစ်ဖို့က သတ္တိရှိရမယ်။ စွန့်ရ မယ်။ ယုံကြည်ချက်ရှိရမယ်။ တချို့က ရှေ့ကိုမတက်တဲ့အ ဖျက်လုပ်ငန်းတွေနဲ့ အချိန်ကုန်နေတယ်။ လူတစ်ယောက် မှားနေတယ်ဆိုရင် ဘာမှားနေတယ်ဆိုတာ ထောက်ပြရ မယ်။ အဘ အရင်တုန်းက အမြဲဆန္ဒပြတယ်။ အခုကျ တော့ ဆန္ဒပြစရာမလိုတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်တို့ ပူးတွဲထုတ်ပြန်ချက်တွေမှာ ပြည်သူ့ ဆန္ဒဆိုတာ နံပါတ် (၁)က ပါနေတယ်။ ရှေ့ကိုတက်ချင် တယ်ဆိုရင် မြန်မာပြည်သူတွေအားလုံးစုပေါင်းပြီး လက် တွေ့လုပ်ဆောင်မှရမယ်။ မြန်မာလူမျိုးအများစုက လက် ဖက်ရည်ဆိုင်မှာစကားပြောနေတာ များနေတယ်။ လေနဲ့ပဲ အလုပ်လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အောင် မြင်တယ်ဆိုတာ စွန့်ရဲတယ်။ တစ်စိုက်မတ်မတ် သူ့ယုံကြည် ချက်ကို လုပ်ရဲတယ်။ ရွေးကောက်ပွဲမှာအနိုင်ရတော့ ကိုယ့် ကို နေရာမပေးဘူးဆိုရင် ဘာလုပ်မလဲ။ အဲဒီလူ အုပ်ချုပ် နေတဲ့နေရာမှာ မနေဘူးဆိုပြီး အဘ တောခိုလာတာ။ အဘယုံကြည်တာ နောက်တစ်ခုက တိုင်းရင်းသားရင်ကြား စေ့ရေးကိစ္စတွေကို ပြန်တည်ဆောက်လိုပါတယ်။ နှစ်ပေါင်း များစွာဖြစ်နေတဲ့ပြဿနာတွေကို ပြန်ဖြေရှင်းနိုင်ဖို့ လူတိုင်း ပါဝင်ပတ်သက်ရမယ်။ သန်း ၆၀ကျော်ရှိတဲ့မိသားစုကြီး ညီညီညွတ်ညွတ်နေနိုင်ဖို့ အရေးကြီးပါတယ်။ ရန်ကုန်တိုင်းမ်- အဘအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရအဖွဲ့ထဲက အဆင့်မြင့်အရာရှိကြီးတွေနဲ့ရောတွေ့ဖို့ ရှိပါသလား။ ဦးပီတာလင်းပင်- ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ စီစဉ်ထား ပါတယ်။ တွေ့တာကတော့ အကုန်လုံးနဲ့တွေ့မှာပါ။ အဘက ပါတီ နိုင်ငံရေးတော့ လုပ်ဖို့မရှိပါဘူး။ လူမှုရေးပဲ လုပ်မှာပါ။ တိုင်း ရင်းသားတွေနဲ့ အစိုးရကြားမှာ တတ်နိုင်သမျှ လုပ်မှာပါ။ အဘရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအမတ်အနေနဲ့ အ ရွေးခံရတာက လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်လို့ အရွေးခံ ရတာ။ ရန်ကုန်တိုင်းမ်- လက်ရှိနိုင်ငံရေးကို ဘယ်လိုပုံစံမျိုးနဲ့ လုပ် ဆောင်ဖို့ရှိပါသလဲ။ ဦးပီတာလင်းပင်- အဘက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ရင်းနှီးခဲ့တာဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကိုဦးတည်ပြီး လုပ်ဆောင်ပါမယ်။ ပြီးတော့ တိုင်းပြည် ဖွံဖြိုးရေးကိုလဲ လုပ်ဆောင်ပါမယ်။ ရန်ကုန်တိုင်းမ်- နိုင်ငံတော်သမ္မတကြီးက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်တာလဲ ရှိပါ တယ်။ အဘကလဲ တိုင်းရင်းသားအဖွဲ့တွေနဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ် ဆိုတော့ အဲဒီအကြောင်းအရာကိုများ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ဆွေးနွေးဖြစ်ခဲ့လားဆိုတာ သိပါရစေ။ ဦးပီတာလင်းပင်- အဘက ငါးဦးကော်မတီမှာပါတဲ့ပုဂ္ဂိုလ်ဆို တော့ အဘတို့ငါးဦးက အပတ်စဉ် အွန်လိုင်းမှာ စကိုက်ဗ် နဲ့ဆက်သွယ်ပြီး ဆွေးနွေးမှုတွေလုပ်ကြတယ်။ ဒီငြိမ်းချမ်း ရေးဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး အဘလဲထောက်ခံသလို သူတို့ကလဲ ထောက်ခံကြပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆို တော့ အရင်တုန်းက အဲဒီလိုလုပ်ပြီးသွားရင် ပြန်ပျက်သွား တယ်ဆိုတဲ့အစဉ်အလာကရှိနေတော့ ယုံကြည်မှုက နည်း နေတယ်။ ယုံကြည်မှုများလာအောင် အဘတို့က ကိုယ့် ဘက်က လျှော့ပေးရမယ်။ တိုင်းရင်းသားတွေကို မောက် မောက်မာမာဆက်ဆံလို့မရဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ မိသား စုပုံစံဆက်ဆံမယ်ဆိုရင်တော့ အောင်မြင်မှာပါ။ ရင်ထဲက လာတဲ့အသံနဲ့ မေတ္တာနဲ့ဆက်ဆံရင်တော့ အောင်မြင်မှုရ မှာပါ။ ရန်ကုန်တိုင်းမ်- အဘတာဝန်ယူခဲ့တဲ့ငါးဦးကော်မတီမှာ ကေ အင်န်ပီပီတို့ အင်န်အမ်အက်စ်ပီတို့ ကေအင်န်ယူတို့က ခေါင်းဆောင်ကြီးတွေ ပါပါတယ်။ ဒီခေါင်းဆောင်တွေက အဘ မြန်မာပြည်ပြန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာများ ပြောဆိုကြလဲမသိဘူး။ ဦးပီတာလင်းပင်- မြန်မာပြည်ပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး အဘက ပြန်ဝင်လာတာ၊ ပြန်မ၀င်လာတာ အသာထား။ ထောက်ခံဖို့ပြောတယ်။ ဒီကိုပြန်လာတဲ့ကိစ္စနဲ့ပတ်သက် ပြီး ဂျာမနီက ဦးနွယ်အောင်၊ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင် ကျော်တို့နဲ့ညှိနှိုင်းပြီး ပြန်ဝင်လာတာပါ။ ရန်ကုန်တိုင်းမ်- အဘနဲ့ညှိနှိုင်းခဲ့သူတွေကို ဆက်လိုက်ပါလာဖို့ ရှိပါလား။ ဦးပီတာလင်းပင်- သူတို့က ပြန်ဝင်လာဖို့အသင့်ပါပဲ။ ဒီဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ရင် ပြန်ဝင်လာကြမှာပါ။ အဘက ဦးဆုံးဝင်လာတာဖြစ်တဲ့အတွက်အောင်မြင်မယ် ဆိုရင် သူတို့ပြန်လာကြမှာပါ။ အဘက မကြောက်မရွံနဲ့ ပြန်လာတော့ တာဝန်ရှိသူတွေက အဆင်ပြေအောင်ထား ပေးထားတယ်။ ကိုယ်သွားချင်တဲ့နေရာသွားအနောက်က လိုက်တာမရှိဘူး။ အဘက အမေရိကားက ပထမဆုံးပြန် လာသူဆိုတော့ အကုန်လုံးက ၀မ်းသာအားရ ကြိုဆိုကြပါ တယ်။ အစကောင်းနေတော့ နောက်အလားအလာက ကောင်းဖို့ရှိပါတယ်။ ရန်ကုန်တိုင်းမ်- အမေရိကန်က မြန်မာနိုင်ငံအပေါ်ကို စီးပွား ရေးပိတ်ဆို့မှုကို သက်တမ်းတစ်နှစ်တိုးလိုက်ပါတယ်။ အဘ အနေနဲ့လဲ အမေရိကန်ကွန်ဂရက်က ဆီနိတ်တာတွေနဲ့ ပတ်သက်မှုတွေရှိခဲ့တော့ အဲဒီဆီနိတ်တာတွေကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအ ညီတွေရရှိအောင်ကူညီဖို့အစီအစဉ်များ ရှိပါသလား။ ဦးပီတာလင်းပင်- လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိအောင် အဘတတ်နိုင်သမျှ ကူညီဖို့ရှိပါတယ်။ပြီး တော့ အဘအနေနဲ့က စီးပွားရေးပိတ်ဆို့မှုကို လက်မခံခဲ့ပါ ဘူး။ ထောက်လဲ မထောက်ခံပါဘူး။ ဆန်ရှင်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အစည်းအဝေးလုပ်တော့ အဘသွား တက်တယ်။ ဦးသွင်မြင့်ဦးတို့လုပ်တဲ့ပွဲ၊ အဲဒီမှာ အဘပြော တာက ဆန်ရှင်လုပ်မယ်ဆို တပ်မတော်ထောက်ပံ့ရေးပစ္စည်း တွေကို ဆန်ရှင်လုပ်၊ စစ်လက်နက်ပစ္စည်းတွေကို ဆန်ရှင် လုပ်၊ ကျန်တာဆန်ရှင်လုပ်မယ်ဆိုရင်တော့ မထောက်ခံ ဘူး။ ဆန်ရှင်လုပ်ရင် တပ်မတော်ထိခိုက်မယ်ဆိုတဲ့အစား ပြည်သူတွေကိုသာထိခိုက်မယ်။ အလုပ်လက်မဲ့တွေပိုများ လာမယ်။ ဒီမိုကရေစီဆိုတာဖွင့်တာ။ ပိတ်တာမဟုတ်ဘူး။ အဘပြောတဲ့အတိုင်း တိုင်းတစ်ပါးက အဘတို့ကိုဒုက္ခပေး တာပဲလုပ်မယ်။ ဘယ်နိုင်ငံမှ တကယ်ကူညီဖို့မရှိဘူး။ ဒါက အဘအနှစ် ၂၀ကြုံလာတာ။ အခုလုပ်နေတဲ့ညီညွတ်ရေး ကိစ္စတွေကို ၀င်ရှုပ်နေတဲ့သူတွေက သူတို့ရနေတဲ့အထုပ် ပျောက်သွားမှာစိုးရိမ်လို့ လိုက်ဖျက်နေတာ။ အဘ သမ္မတ ကြီးကိုရေးတဲ့စာမှာလဲ ကျွန်တော်တို့ဖြေရှင်းရမယ့်ကိစ္စ တွေကို နိုင်ငံရေးအမြတ်ထွက်ချင်နေတဲ့သူတွေက လိုက်ဖျက် နေတယ်လို့ပါတယ်။ အဘတို့ နိုင်ငံရေးလုပ်တာက မကြိုက်ရင်အော်မယ်။ ကန့်ကွက်မယ်။ မှန်ရင်ထောက်ခံ မယ်။ အခုအစိုးရလုပ်နေတာတွေက ကောင်းတယ်။ လွှတ် တော်ပြန်ခေါ်တယ်။ လွှတ်တော်မှာလဲ အရင်တုန်းက ပြောပိုင်ခွင့်မရှိတာတွေပြောတယ်။ ဥပဒေတွေ ပြင်ဆင် ရေးဆွဲနေတယ်။ အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား ၂၀၀၀ကျော်အတွက် လုပ်နေတာတွေရှိတယ်လို့ အဘကို သူတို့က ပြောကြတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်ပြောတာက ပြောင်း လဲမှုတွေလုပ်ရမယ်လို့ပြောတယ်။ အဲဒါကို တချို့က အ ကုန်လုံးပြောင်းရမယ်ဆိုတာကတော့ အိမ်ကြီးက ပြီးနေ ပြီ။ အဲဒီပြီးနေတဲ့အိမ်ကြီးက တံခါးမကောင်းရင် တံခါး ဖျက်ပေါ့။ လှေကားမကောင်းရင် လှေကားပြင်ဆိုတာကို အိမ်ဖျက်ခိုင်းတယ်ဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တချို့ဟာတွေတော့ ပြင်ရမယ်။ တပ်မ တော်အာဏာတည်အောင် ၂၅ရာခိုင်နှုန်းယူထားတာကို တော့ အဘလက်မခံဘူး။ ရန်ကုန်တိုင်းမ်- အဘက တပ်မတော်မှာလဲ စစ်ဆေးရေးကိစ္စ ရပ်တွေမှာ တာဝန်ယူတယ်ဆိုတာ သိရပါတယ်။ အခုလဲ တပ်မတော်မှာ ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်ဆိုတာ လဲသိရတဲ့အတွက် ဒီတော့ အဘအနေနဲ့ တပ်မတော်ကြီး ကို ဘယ်လိုမျိုးများဖြစ်စေချင်လဲမသိဘူး။ ဦးပီတာလင်းပင်- အဘက ပြည်သူ့တပ်မတော်ဖြစ်စေချင်တာ ပေါ့။ အဘိုး ဒေါက်တာသိန်းမောင်က ပထမဆုံးသံအမတ် ကြီး၊ ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းဖို့ကြိုးစားခဲ့တာ။ အင်္ဂလိပ် လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တာ။ နောက်လေးနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင် သန်းထွန်းက အငယ်ဆုံးဝန်ကြီးအဖြစ်ပါခဲ့တာ။ အဘတို့ ရဲ့ရာဇ၀င်မှာ ထိုင်ပြီးရင် မထချင်တဲ့သူတွေများတယ်။ အခုဆို အဘတို့နိုင်ငံမှာ ဒီလိုမျိုးတွေမရှိတော့ပါဘူး။ ဒီလို ဖြစ်လာတာကို အဘလဲ ကြိုဆိုတယ်။ ထောက်ခံတယ်။ ရန်ကုန်တိုင်းမ်- အဘက လင်းပင်မင်းသားကြီးရဲ့မြစ်တော်ဆို တာသိရတော့ အဘတို့မိသားစုဆင်းသက်လာပုံလေးကို ပြောပြပေးပါလား။ ဦးပီတာလင်းပင်- ကနောင်မင်းသားကြီးရဲ့သားက လင်းပင်မင်း သား၊ လင်းပင်မင်းသားရဲ့သားက အဘအဘိုး၊ အဘအ ဘိုးနဲ့ ယောအတွင်းဝန်ဦးဘိုလှိုင်ရဲ့သမီးနဲ့ ရတာ။ အမေ ရဲ့အဖေက ခုနကပြောတဲ့ ဒေါက်တာသိမ်းမောင်။ ဒေါက် တာသိမ်းမောင်က တိုင်းတာမင်းကြီးရဲ့မြေး၊ အမြောက် ၀န်ရဲ့သမီး၊ တိုင်းတာမင်းကြီးမှာ အမြောက်ဝန်နဲ့ရောက် စောက်ဆိုတဲ့သား နှစ်ယောက်ရှိတာ။ အဘတို့က အမြောက်ဝန်နဲ့အမျိုးစပ်တာ။ ရန်ကုန်တိုင်းမ်- အဘရဲ့မိသားစုကော အမေရိကားမှာ ကျန်ခဲ့ လားခင်ဗျာ။ ဦးပီတာလင်းပင်- အဘက မြန်မာပြည်ကသွားကတည်းက တစ်ယောက်တည်းထွက်သွားတာ။ အဘ ဟိုမှာ ၂၁နှစ် ကျော်နေတာ။ အဘက နိုင်ငံရေးလုပ်မယ်ဆိုတော့ မိသား စုမခေါ်သွားဘူး။ အခုကျတော့အဲလိုမဟုတ်ဘူး။ မိသားစုပါ တစ်ပါတည်းခေါ်လာကြတယ်။ ကိုစိန်ဝင်းတို့ဆို မိသားစုပါ တစ်ပါတည်းခေါ်လာတာ။ အဘရဲ့မိသားစုက အမေရိကား မှာမရှိဘူး။ မြန်မာပြည်မှာပဲရှိတာ။ ပြင်ဦးလွင်မှာရှိတယ်။ အဘက အမေရိကန်နိုင်ငံသားလည်း မခံယူထားဘူး။ နေ ထိုင်ခွင့်ရပြီး အဲဒီဟာနဲ့ပဲ ကူးလူးဆက်ဆံနေတာ။ ရန်ကုန်တိုင်းမ်- ပြည်ပရောက်မြန်မာတွေက တိကျတဲ့နည်း ဥပဒေတွေ၊ အမိန့်ကြော်ငြာစာတွေမရှိလို့ပြန်လာဖို့ နှောင့် နှေးနေတယ်ဆိုတဲ့စကားသံတွေကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘက ဘယ်လိုများသုံးသပ်မိလဲခင်ဗျာ။ ဦးပီတာလင်းပင်- ဥပဒေတစ်ခုထုတ်ပြန်ရတာ အချိန်ကြာပါ တယ်။ အဲဒီဥပဒေကိုရေးဆွဲနေတာလည်းကြားပါတယ်။ မြန်မာပြည်ကိုပြန်လာချင်ရင် မြန်မာသံရုံးနဲ့ဆက်သွယ်ရမယ် လေ။ ဒါကနည်းမှန်လမ်းမှန်ပဲလေ။ အဘလာတာက သံအ မတ်ကြီးကနေ နိုင်ငံခြားရေးဝန်ကြီး၊ ၀န်ကြီးကနေ သမ္မတ ကြီးဆီကိုစာပို့တယ်။ ဒါကနည်းမှန်လမ်းမှန်လေ။ ပြီးတော့ ပြန်လာမယ်ဆိုပြီး ဆုံးဖြတ်ပြီး အဘပြန်လာတယ်။ ဒီလို နည်းမှန်လမ်းမှန်ကို မဆုံးဖြတ်နိုင်တဲ့သူတွေကတော့ ပိုင် ဆိုင်မှုတွေရှိမယ်။ စားလို့ကောင်း၊ သောက်လို့ကောင်း၊ ၀င်ငွေတွေရှိနေတဲ့သူတွေပါ။ အဘတို့က လူငယ် တွေကို ဦးစားပေးရမှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်ထက် သန်စွမ်းတဲ့လူငယ်တွေကို တင်ပေးနိုင်ရင် တိုင်းပြည်အနာ ဂတ်ကောင်းလာမယ်လို့ထင်ပါတယ်။ ရန်ကုန်တိုင်းမ်- အန်အယ်လ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာပါတီတစ်ခုအနေနဲ့မှတ်ပုံတင်ဖို့ ရှိ၊ မရှိဆိုတဲ့အပေါ် မှာ အဘအမြင်ကို သုံးသပ်ပေးပါ။ ဦးပီတာလင်းပင်- အန်အယ်လ်ဒီရွေးကောက်ပွဲဝင်ပြိုင်ဖို့ မှတ်ပုံ တင်လည်းမထားဘူး။ အကောင်းဆုံးကတော့ ဒေါ်အောင် ဆန်းစုကြည်က နောက်ပိုင်းမှာ အသက်က ၇၀၊ ၈၀လောက် ရှိလာပြီ၊ တိုင်းရေးပြည်ရေးနဲ့ ပါတီရေးကို အဓိကမထား ရင် ပိုကောင်းမယ်လို့ထင်တယ်။ ရန်ကုန်တိုင်းမ်- နိုင်ငံတော်သမ္မတကြီးက အဘကို တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေဆီသွားပြီး ငြိမ်းချမ်းရေး စကားဆိုခိုင်းရင် အဘသွားဖို့အသင့်ရှိပါလားခင်ဗျာ။ ဦးပီတာလင်းပင်- သမ္မတကြီးက သွားခိုင်းရင်သွားဖို့ အသင့်ရှိ ပါတယ်။ သမ္မတကြီးကရော တချို့အရာရှိတွေကော စိတ် ကောင်းစေတနာရှိတာများတယ်။ တိုင်းရင်းသားတွေမှာ လည်း စိတ်ကောင်းစေတနာရှိတာများပါတယ်။ တချို့အရာ ရှိတွေက လေးစားမှုမရှိပါဘူး။ နှစ်ပေါင်းများစွာတိုက်ခိုက် လာတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကို သားအရွယ် လေးတွေက ဟောက်လား၊ ဟိန်းလားတွေရှိတော့ ပြည်သူ ကိုစော်ကားနေတာနဲ့အတူတူပဲ။ ပြည်သူကိုမစော်ကားဘဲ နဲ့ ပြည်သူ့အာဏာကိုတည်ဆောက်ပေးနိုင်ရင် ကောင်း မယ်။ အခုလည်း တော်တော်များများပြောင်းလဲလာပြီလို့ ထင်ပါတယ်။ ရန်ကုန်တိုင်းမ်- ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းက ပြည်တွင်းငြိမ်းချမ်းရေးကိုအလျင်အမြန်ရချင်နေ လဲ ခင်ဗျာ။ ဦးပီတာလင်းပင်- တိုင်းရင်းသားအဖွဲ့အစည်းတော်တော်များ များက သေသေချာချာလုပ်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်နိုင်တယ်။ ချင်းအဖွဲ့ကျတော့ နည်းနည်းခက်မယ်ထင် တယ်။ တိုင်းရင်းသားအဖွဲ့တွေကတော့ ဒီအချိန်ဟာအ ကောင်းဆုံးအခြေအနေဆိုတာသိသင့်တယ်။ ဒီတော့ သူ တို့တွေက လက်ရှိအခြေအနေကို အမိအရ ဆုပ်ကိုင်သင့် တယ်။ တချို့ တိုင်းရင်းသားခေါင်းဆောင်တွေက အရည် အသွေးအားနည်းတော့ အပြုရယ်၊ အပျက်ရယ်မှာ အပျက် ဘက်ကိုဘဲ ဦးတည်စဉ်းစားနေတယ်။ ဒီတော့ သူတို့က သတ်ဖို့ဖြတ်ဖို့ကို စဉ်းစားနေတယ်။ အတွေးအခေါ်အမြော် အမြင်တတ်တဲ့သူကတော့ သေနတ်ရှိရင် ကာကွယ်ဖို့ကိုပဲ တွေးတယ်။ ဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အဘ တို့မိသားစုစိတ်ဓာတ်နဲ့လုပ်မှရမယ်။ တိုင်းရင်းသားတွေက ရိုးသားမှုရှိတော့ အဘတို့က အပေါ်စီးကနေ လုပ်လို့မရ ဘူး။ အောက်ကနေသွားမှ ရမယ်။ ရန်ကုန်တိုင်းမ်- မြန်မာနိုင်ငံအပေါ်ကို အီးယူရဲ့သဘောထား ကပြောင်းလဲသွားတာတွေ့ရပါတယ်။ အမေရိကန်ကတော့ ပြောင်းလဲခြင်းမရှိတဲ့အပြင် တုတ်တစ်ဖက်၊ မုန်လာဥတစ်ဖက် ဆိုတဲ့မူကို ဆက်ကိုင်ထားပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရ သစ်ပြောင်းလဲသွားပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင် နေခြင်းအပေါ် အမေရိကန်က ဘယ်လိုသဘောထားသလဲ ဆိုတာ အဘအနေနဲ့ အနီးစပ်ဆုံး သုံးသပ်ပြပေးစေချင် ပါတယ်။ ဦးပီတာလင်းပင်- အဘက အမေရိကန်ရှဲ့အအေနီနစမေအာနညအ နဲ့ခင်တယ်။ အဘသိသလောက်ပြောရရင် အမေရိကန် ကိုလည်း တို့မီး၊ ရှို့မီးလုပ်နေတဲ့သူတွေများတယ်။ အဲဒီ ကောင်တွေက သူတို့လည်းစားရအောင်၊ ဟိုကောင်လည်း စားရအောင်လုပ်နေတာတွေရှိတယ်။ အင်န်ဂျီအိုကို ဒေါ်လာတစ်သန်း ထုတ်ပေးရင် ဖြတ်စား၊ လာဘ်စားလုပ် တာနဲ့ တကယ်လုပ်တဲ့ကောင်က နည်းနည်းပဲရတယ်။ အဲလို ဖြတ်စားတဲ့ကောင်တွေက ဘယ်ပြီးချင်မလဲ။ ဒါကြောင့် အဘ သမ္မတကြီးဆီကိုပေးတဲ့စာမှာ အတ္တသမားတွေက အနှောင့်အယှက်ပေးနေတယ်လို့မြင်တယ်လို့ ထည့်ရေး ထားတာ။ အဲဒီလိုစားပေါက်ရှိနေတဲ့ကောင်တွေက အဘတို့ လုပ်ငန်းတွေကို ဖျက်စီးဦးမှာပဲ။ ရန်ကုန်တိုင်းမ်- အဲဒီလိုအနှောင့်အယှက်ပေးနေတဲ့သူတွေကို ဘယ်လိုနည်းမျိုးနဲ့ဖြေရှင်းနိုင်မယ်လို့ အဘထင်ပါသလဲ။ ဦးပီတာလင်းပင်- အဘ အင်္ဂလန်ရောက်တုန်းက ဗမာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ပွဲတစ်ပွဲကို သခင်သာခင်ရဲ့မြေးဆရာဝန် နဲ့ရောက်သွားတာ။ အဲဒီအဖွဲ့မှာ ဗမာတစ်ယောက်မှမပါဘဲ နဲ့ လှုပ်ရှားမှုလုပ်နေတာကိုတွေ့ရတယ်။ ဒီလိုအနှောင့်အ ယှက်ပေးတဲ့အဖွဲ့အစည်းတွေကို ပြည်သူတွေသိပါတယ်။အဘအနေနဲ့ အဲဒီအဖွဲ့တွေရဲ့မူတွေကိုပဲ မကြိုက်တာပါ။ လူတွေကိုတော့ မုန်းတီးတာတွေမရှိပါဘူး။ ရန်ကုန်တိုင်းမ်- အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း Reviewed by သစ်ထူးလွင် on 23:31 Rating: 5

No comments:

Powered by Blogger.