ဆိုးသွမ်း ဘောလုံးပရိသတ်များ ပြစ်ဒဏ် နှစ်ဆချမည်









football_holligianဆိုးသွမ်း ပရိသတ်များကြောင့် ပွဲစဉ်ဖျက်သိမ်း ခဲ့ရသည်အထိ ဖြစ်ခဲ့ရသော အိုမန်- မြန်မာ ဘောလုံးပွဲစဉ် ဖြစ်ရပ်ကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ မှ စတင်ကာ ဆိုးသွမ်းပရိသတ်များကို ပြစ်ဒဏ်နှစ်ဆ ချမှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။ဘောလုံးပြိုင်ပွဲအတွင်း ညစ်ညမ်းစွာ ဆဲဆိုသူများနှင့် အရာဝတ0x081ထုများဖြင့် ပစ်ပေါက်သူများကို ဓာတ်ပုံများ ရိုက်ယူ မှတ်တမ်းတင်ကာ တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း၊ ယခင်က အဆိုပါ အမှုများအတွက် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး မဆောင်ပါက ထောင်ဒဏ် ၁၅ ရက် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက လက်ရှိ ဥပဒေကို ရှင်းပြသည်။မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှ ယခုအချိန်အထိ ဆိုးသွမ်း ဘောလုံးပရိသတ် ၉၂ ဦးကို တရားစွဲဆို အရေးယူပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရသည်။
ဆိုးသွမ်း ဘောလုံးပရိသတ်များ ပြစ်ဒဏ် နှစ်ဆချမည် ဆိုးသွမ်း ဘောလုံးပရိသတ်များ ပြစ်ဒဏ် နှစ်ဆချမည် Reviewed by သစ်ထူးလွင် on 12:16 Rating: 5
Powered by Blogger.