လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ်

မနေ့​ ည ၈ နာရီ ၂ဝ မိနစ်အချိန်မှ စတင်ပြီး ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် ​ကေအိုင်​အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့​ကို ကာကွယ်ထား​တဲ့​ ​ကေအိုင်​အေ တပ်ရင်း​ ၂၄ ရှိရာ ​တောင်ကုန်း​ကို မြန်မာစစ်တပ်က အ​မြောက်လက်နက်ကြီး​တွေနဲ့​ စတင် ပစ်ခတ်​နေပါတယ်။
လိုင်ဇာမြို့
ည ၈ နာရီခွဲချိန်အထိ အလုံး​ ၂ဝ ​လောက် ကျ​ရောက်​ပေါက်ကွဲခဲ့​ပါတယ်။ အ​မြောက်ဆန် ကျ​ရောက်​ပေါက်ကွဲတဲ့​နေရာဟာ လိုင်ဇာမြို့​နဲ့​ ၁ မိုင်​လောက်သာ ​ဝေး​ပါတယ်။
လိုင်ဇာတဖက်ကမ်း ​ တရုတ်ပြည်ဘက်ခြမ်း​မှာ တရုတ်အာဏာပိုင်​တွေက သူ့​လူထုကို တဖက်မြန်မာပြည်နယ်စပ်မှာ ​လေယာဉ်ပျံနဲ့​ ဗုံး​ကြဲတိုက်ခိုက်မယ်၊​ ဗုံး​ခိုကျင်း​တွေ ပြင်ထား​ဖို့​ သတိ​ပေး​ပြောဆိုမှု​တွေ ဒီက​နေ့​ ည​နေပိုင်း​က ​ပြောဆိုခဲ့​လို့​ လိုင်ဇာ​ဒေသခံလူထု​တွေ ထိတ်လန့်​နေချိန်မှာပဲ အ​မြောက်သံ​တွေ ကြား​လာရတယ်လို့​ လိုင်ဇာမှာရှိ​နေတဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။
“​လော​ လောဆယ်ပစ်​နေတဲ့​ အ​မြောက်သံ​တွေ လက်နက်ကြီး​တွေက ကွန်ဘာရန်ရွာကို ပစ်တာ။ ကွန်ဘာရန်  ရွာနား​မှာ ​ကေအိုင်​အေ ရင်း​ ၂၄ ရှိတယ်တဲ့​။ အဲဒီ​နေရာကို တုံဖုန်းယန်က​နေ ၁၂၀ နဲ့​ ပစ်တယ်တဲ့​။ လွန်ခဲ့​တဲ့​ သုံး​လေး​ရက်က တက်လာတဲ့​ အ​မြောက်တပ်ရင်း​တွေ၊​ လက်နက်ကြီး​တပ်ရင်း​ ​ရောက်လာတယ်​ပြောတယ်။ ၁၂၀ ​တွေ ပါ​တော့​ အဲဒီလက်နက်ကြီး​တွေနဲ့​ ထု​နေတာ။ မုံး​လွဲ​ချောင်း​ ​ရေအား​လျှပ်စစ် အ​ရှေ့​ဘက်ခြမ်း​ပေါ့​။ တမိုင်ဝန်း​ကျင်​လောက်​ဝေး​တယ်။ တချို့​တွေက ​ပြေး​နေကြပြီ။ ပစ္စည်း​သိမ်း​တဲ့​လူက သိမ်း​၊​ အိမ်တံခါး​ပိတ်တဲ့​လူကပိတ်နဲ့​ အမျိုး​မျိုး​ပေါ့​။ မြို့​ထဲကို အ​မြောက်ကျလာမယ်ဆိုရင် ​ပြေး​သင့်​လည်း​ ​ပြေး​ရမှာ​ပေါ့။”
လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ် လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ် Reviewed by သစ်ထူးလွင် on 14:21 Rating: 5
Powered by Blogger.