မြန်မာအလုပ်သမား​များ​ အလုပ်ရှင်​ပြောင်း​ခွင့်​မရှိ​ကြောင်း​ ထိုင်း​အစိုး​ရ​ကြေညာ

မစ္စတာ စူရဖုန်း ကောင်ကျန်ထိ
ထိုင်း​ နိုင်ငံမှာ မြန်မာ​တွေအပါအဝင် ယာယီနိုင်ငံကူး​လက်မှတ်နဲ့​ အလုပ်လုပ်ခွင့်​ ပြုထား​သူအား​လုံး​ အလုပ်ရှင်​ပြောင်း​လဲလုပ်ကိုင်ခွင့်​ မရှိ​တော့​ဘူး​လို့​ ထိုင်း​အလုပ်သမား​ဝန်ကြီး​ဌာနက မ​နေ့​က ​ကြေညာလိုက်ပါတယ်။
မြန်မာအလုပ်သမား ​တွေအလုပ်ရှင်​ပြောင်း​ရင် ထုတ်​ပေး​ထား​တဲ့​ အလုပ်သမား​ မှတ်ပုံတင်​တွေ အလိုအ​လျောက်ပျက်ပျယ်သွား​ပြီး​ တရား​မဝင် အလုပ်သမား​အဖြစ်ကို ​ရောက်သွား​မယ်လို့​ ထိုင်း​နိုင်ငံအလုပ်သမား​ဝန်ကြီး​ဌာနရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။
ခရိုင်အသီး​သီး​က အလုပ်ရှင်​တွေရဲ ဝိုင်း​ဝန်း​တောင်း​ဆိုချက်ကို ဝန်ကြီး​ဌာနက လိုက်​လျောလိုက်တာ ဖြစ်ပါတယ်။
ဇူလိုင်လယ် အလုပ်သမား​ မှတ်ပုံတင်​ပေး​တဲ့​ အစီအစဉ်ပြီး​တဲ့​နောက် ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေဟာ လုပ်အား​ခ ပိုရတဲ့​နေရာ​တွေကို ​ပြောင်း​သွား​ကြတဲ့​အတွက် ခရိုင်က လုပ်ငန်း​တွေမှာ လုပ်အား​ပြတ်လပ်မှု​တွေ အထူး​သဖြင့်​ ​ရေလုပ်ငန်း​တွေမှာ ဖြစ်လာပြီး​တဲ့​နောက် ခရိုင်အလုပ်ရှင်​တွေ အစည်း​အ​ဝေး​တခုကို ဇူလိုင် ၁၉ ရက် ​နေ့​က ကျင်း​ပပြီး​ တောင်း​ဆိုခဲ့​ကြတာ ဖြစ်ပါတယ်။
ထိုင်း​ အလုပ်သမား​ဥပ​ဒေ မူလရှိရင်း​စွဲအရလည်း​ အလုပ်​ပြောင်း​ခွင့်​ကို အလုပ်သမား​ဘက်က သက်ဆိုင်ရာရဲ့​ ခွင့်​ပြုချက်ရမှ ​ပြောင်း​ရတဲ့​စနစ် ရှိထား​ပြီး​ အခု ထုတ်ပြန်ချက်ကို ပိုမိုတင်း​ကျပ်မှုအဖြစ် အလုပ်သမား​ အခွင့်​အ​ရေး​ ​ဆောင်ရွက်သူ​တွေက မြင်ပါတယ်။
ဒီအ​ခြေအ​နေ​ တွေနဲ့​ပတ်သက်လို့​ ထိုင်း​ရှေ့​နေများ​ကောင်စီရဲ့​ ​ကော်မတီဝင် မစ္စတာ စူရဖုန်း​ ​ကောင်ကျန်ထိက “အလုပ်သမား​ဝန်ကြီး​ဌာနရဲ့​ အယူအဆဟာ မှား​နေတယ်။ အလုပ်ရှင်​တွေရဲ့​ ​တောင်း​ဆိုချက်ကို လိုက်​လျောပြီး​ ခုလို ချမှတ်လိုက်တဲ့​ ဥပ​ဒေ​တွေဟာ ဥပ​ဒေ​ရေး​ရာ အ​ခြေခံစည်း​မျဉ်း​တွေနဲ့​ရော၊​ လူ့​အခွင့်​အ​ရေး​အ​ခြေခံမူ​တွေနဲ့​ရော၊​ နိုင်ငံတကာစည်း​မျဉ်း​ဥပ​ဒေ​တွေနဲ့​ရော မကိုက်ညီတဲ့​အပြင် ထိုင်း​နိုင်ငံရဲ့​ဖွဲ့​စည်း​အုပ်ချုပ်ပုံ ဥပ​ဒေနဲ့​ပါ ဆန့်​ကျင်​နေတယ်။ ဒါကိုပြင်ရမယ်။ အဲလိုပြင်ဖို့​ အဖွဲ့​အစည်း​ အသီး​သီး​က ​တောင်း​ဆိုနိုင်တယ်။ ကျ​နော်က​တော့​ ထိုင်း​ရှေ့​နေများ​ကောင်စီအ​နေနဲ့​ဒီကိစ္စကိုစလုပ်သွား​မယ်” လို့​ ​ပြောပါတယ်။
ထိုင်း​ တောင်ပိုင်း​မှာ မြန်မာအလုပ်သမား​ရေး​ ကူညီ​နေတဲ့​ ပညာ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က ဒါရိုက်တာ ဦး​ထူး​ချစ်က​တော့​ “အလုပ်သမား​တွေ အ​နေနဲ့​က ဘယ်လမ်း​ကို ​ရွေး​လဲဆို​တော့​ အများ​အား​ဖြင့်​ သူတို့​ တကယ်အလုပ်လုပ်တဲ့​ အလုပ်ရှင်နဲ့​ မှတ်ပုံမတင်ဘဲနဲ့​ လွယ်လွယ်ကူကူ ​ပြောင်း​လို့​ရ​အောင် သာမန်ထိုင်း​ပြည်သူ​တွေရဲ့​ အကူအညီနဲ့​ ပွဲစား​ ပဲ ​ခေါ်ရမှာ​ပေါ့​နော် သူတို့​ကို ပိုက်ဆံ​ပေး​ပြီး​တော့​ မှတ်ပုံတင်တာမျိုး​တွေ ကျ​နော်တို့​ ​တွေ့​ရတယ်” လို့​ ​ပြောပါတယ်။
ထိုင်း​ နိုင်ငံမှာ မြန်မာနိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေဟာ ခြံလုပ်ငန်း​၊​ ​ဆောက်လုပ်​ရေး​နဲ့​ ​ရေလုပ်ငန်း​တွေမှာ သန်း​ချီ အလုပ်လုပ်ကိုင်​နေကြပါတယ်။
မြန်မာအလုပ်သမား​များ​ အလုပ်ရှင်​ပြောင်း​ခွင့်​မရှိ​ကြောင်း​ ထိုင်း​အစိုး​ရ​ကြေညာ မြန်မာအလုပ်သမား​များ​ အလုပ်ရှင်​ပြောင်း​ခွင့်​မရှိ​ကြောင်း​ ထိုင်း​အစိုး​ရ​ကြေညာ Reviewed by သစ်ထူးလွင် on 22:54 Rating: 5
Powered by Blogger.