မြန်မာမှာ ပထမ အွန်လိုင်း ရှော့ပင်းမော ဖွင့်မည်

news
အွန်လိုင်း ရှော့ပင်းမော ကို ပြည်တွင်း၌ ပထမဆုံး အဖြစ် ၂၀၁၁ ဩဂုတ် ဒုတိယ ပတ်တွင် ဖွင့်လှစ် တော့မည်ဟု iBiz Service Provider မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အွန်လိုင်း ရှော့ပင်းမောကို Omyanmar ဟု အမည် ပေးထားပြီး ရောင်းချမည့် ဆိုင်ခန်းများကို ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ ဖွင့် လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ “အင်တာနက်ပေါ်မှာ ဖွင့်လှစ် ထားပေမယ့် အပြင်မှာရှိတဲ့ ရှော့ပင်း မောတွေလိုပဲ Showroom တွေ၊ ဆိုင်ခန်းတွေ ပါဝင်မှာပါ။ ဆိုင်ခန်း ဖွင့် လိုသူတွေ အတွက် အိုမြန်မာရှော့ ပင်းမော ဝက်ပ်ဆိုက်မှာ မိမိတို့ ကုမ္ပဏီနာမည်နဲ့ ဝက်ပ်ဆိုက် လိပ်စာ ပါရှိမှာပါ။ မိမိဆိုင်အတွက် အွန်လိုင်းဝက်ပ်ဆိုက် ရေးဆွဲချင် ရင်လည်း ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် ၂ သိန်း သတ်မှတ်ထားပြီး တစ်နှစ် ရောင်းချခွင့် ပြုသွားမည် ဖြစ်ကြောင်း၊ ဆိုင်ခန်းများ အတွက် ဝက်ပ်ဆိုက် စာမျက်နှာ ၁၅ ခုအထိ ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ “ရောင်းချမယ့် ဆိုင်တွေအနေ နဲ့ အပြင်မှာ ရောင်းသလို ဈေးလျှော့ ချတာတွေ၊ ပရိုမိုးရှင်းတွေ ပြုလုပ် မယ်ဆိုရင်လည်း ဆောင်ရွက်ပေး မှာပါ။ ဝယ်ယူမယ့် ပစ္စည်းတွေအ တွက် အွန်လိုင်း ဈေးဝယ်ကတ်ထား ရှိသွားမှာပါ။ ဈေးဝယ်ကတ်ကတော့ ဒီရှော့ပင်းမောမှာ ရှိတဲ့ဆိုင်ဘယ် ဆိုင်မဆို ဝယ်ယူနိုင်မှာပါ။
ပစ္စည်း ဝယ်ယူပြီး သွားရင်တော့ ဈေးဝယ် ကတ်ထဲက ငွေကို နုတ်ယူသွားပြီး သက်ဆိုင်ရာ ကုမ္ပဏီကို ငွေပြန်လည် ပေးချေသွားမှာပါ။ ကတ်ဝယ်ယူထား သူတွေအနေနဲ့ ပစ္စည်းမှာယူပြီး အကြောင်း အမျိုးမျိုးကြောင့် ပစ္စည်းမယူ နိုင်တော့ရင်လည်း ကတ်ထဲကနေ ဝန်ဆောင်ခပဲ နုတ်ယူသွားမှာပါ။ အဓိကကတော့ အွန်လိုင်းရှော့ပင်း မောမှာရှိတဲ့ ဆိုင်တွေ ပြည်တွင်းမှာရော ပြည်ပမှာရော သိခွင့်ရရှိအောင် အင်တာနက်ပေါ်ကနေ ဆောင်ရွက် ထားတာပါ”ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါ အွန်လိုင်းရှော့ပင်း မောတွင် ဆိုင်ခန်းပေါင်းတစ်သောင်း အထိ ပါဝင်ရောင်းချ နိုင်မည်ဖြစ်ပြီး g-mail အသုံးပြုတတ်ရုံဖြင့် လွယ်လင့်တကူ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းရှော့ပင်းမောကု iBiz Service Provider စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။
မြန်မာမှာ ပထမ အွန်လိုင်း ရှော့ပင်းမော ဖွင့်မည် မြန်မာမှာ ပထမ အွန်လိုင်း ရှော့ပင်းမော ဖွင့်မည် Reviewed by သစ်ထူးလွင် on 14:59 Rating: 5
Powered by Blogger.