လာမည့် ပညာသင်နှစ်မှစတင်ကာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ် စတင်လျှောက်ထားမည့်သူတိုင်း လေးနှစ်တက်ရောက်မှသာ ဘွဲ့ရတော့မည်

w63918
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်အား တွေ့ရစဉ်

၂၀၁၀-၂၀၁၁ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ ၂၀၁၁-၂၀၁၂ ၌ အဆင့်မြင့်ပညာ ပထမနှစ် စတင်တက်ရောက်ကြရမည့် သူများအနေဖြင့် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်သို့ ရွေးချယ်
တက်ရောက်မည်ဆိုပါက စာသင်နှစ် လေးနှစ် တက်ရောက်မှသာ ဘွဲ့ရရှိတော့မည် ဖြစ်ကြောင်း
တက္ကသိုလ်ပညာရေး အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များထဲမှ ကွန်ပျူတာတက္ကသိုလ်များသို့ ရွေးချယ်တက်ရောက်မည့် သူများအနေဖြင့် ယခင်စာသင်နှစ်များက တက္ကသိုလ် ၏ အနိမ့်ဆုံးခေါ်ယူခဲ့သည့် အမှတ်မှာ ၃၆၅ မှတ်ဖြစ်ကာ တစ်နှစ်လျှင် စုစုပေါင်း ကျောင်းသားဦးရေ တစ်သောင်းကို လက်ခံသင်ကြားပေးနေပြီး သုံးနှစ်ဖြင့် ဘွဲ့ရခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ ဒုတိယနှစ် ကျောင်းသားတွေကတော့ မူလက သတ်မှတ်ထားတဲ့အတိုင်း သုံးနှစ်ပဲ တက်ရမှာလို့ ပြောတယ်။ အတိအကျ ကိုတော့ဆရာတွေကိုယ်တိုင်တောင် မသိကြသေးပါဘူး။ လာမယ့်နှစ်မှာ စတက်မယ့် သူတွေကတော့ လေးနှစ်ဖြစ်မယ်လို့ သိရတယ်” ဟု ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၌ ဒုတိယနှစ်တက်ရောက်နေသူ တစ်ဦးက ဆိုပါသည်။
ယခုကဲ့သို့ တက္ကသိုလ်များထဲမှ ကွန်ပျူတာတက္ကသိုလ် စာသင်နှစ်များအား သုံးနှစ်မှလေးနှစ်သို့ ပြောင်းလဲ တက်ရောက်ရခြင်းအပေါ်တွင် တက္ကသိုလ် မော်ကွန်းထိန်းဟောင်း ဆရာတစ်ဦးက “အဆင့်မြင့်ပညာကို သင်နေကြတဲ့ နိုင်ငံတိုင်းက လူငယ်တွေဟာ သူ့ပညာရပ်ကို ကျွမ်းကျင်ပြီး လိုက်နာသင်ကြားနိုင်ဖို့ ရင့်ကျက်မှုအချိန် အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဘာသာရပ်တစ်ခုကို သင်ကြားဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုလည်း လိုအပ်ပါတယ်”ဟု ပြောကြား ခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသည် အောင်လက်မှတ်နှင့် အမှတ်စာရင်းများ မကြာမီထုတ်ယူ နိုင်တော့မည့်အပြင် မိမိတို့ရမှတ် အနည်းအများအလိုက် တက္ကသိုလ် ရွေးချယ်ခြင်းများအား အောက်တိုဘာလ နှင့် နိုဝင်ဘာလများမှ စတင်ကာ အဆင့်မြင့်ပညာဦးစီးဌာန၊ အောက်မြန်မာပြည်သို့ လျှောက်ထားရတော့မည် ဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာ တက္ကသိုလ်များ၌ အပ်နှင်းသည့် ဘွဲ့ များမှာ B.C.Sc/BC.Tech နှင့် B.C. Sc (Hons)/BC.Tech(Hons) တို့ဖြစ်ကာ မဟာဘွဲ့သင်တန်းများ၊ ပါရဂူ ဘွဲ့သင်တန်းများနှင့် ကွန်ပျူတာ သုတေသနလုပ်ငန်းလည်း ရှိသည်ဟု ၂၀၁၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ အချက်အလက်များ အရ သိရှိရပါသည်။
လာမည့် ပညာသင်နှစ်မှစတင်ကာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ် စတင်လျှောက်ထားမည့်သူတိုင်း လေးနှစ်တက်ရောက်မှသာ ဘွဲ့ရတော့မည် လာမည့် ပညာသင်နှစ်မှစတင်ကာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ် စတင်လျှောက်ထားမည့်သူတိုင်း လေးနှစ်တက်ရောက်မှသာ ဘွဲ့ရတော့မည် Reviewed by သစ်ထူးလွင် on 17:47 Rating: 5
Powered by Blogger.