မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း

Published on June 28, 2011 by ဒီဗွီဘီ   ·   No Comments
မြန်မာအစိုး ​ရကို စီး​ပွား​ရေး​နဲ့​နိုင်ငံ​ရေး​အရ ​ကျော​ထောက်​နောက်ခံပြု​နေတဲ့​ အ​ပေါင်း​အ​ဖော် ၄၂ ဦး​ ကို ဘဏ္ဍာ​ရေး​အရ ပစ်မှတ်ထား​ ဒဏ်ခတ်အ​ရေး​ယူဖို့​ဝါရှင် တန်အ​ခြေစိုက် မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့​USCB က အ​မေရိကန် ဘဏ္ဍာ​ရေး​ဝန်ကြီး​ တီမိုသီဂိုက်သနာ
ကို ​တောင်း​ဆိုလိုက်ပါတယ်။
အ​ မေရိကန်အစိုး​ရဟာ မြန်မာအစိုး​ရ​ခေါင်း​ဆောင်သစ်နဲ့​ အ​ဟောင်း​တွေကို ပစ်မှတ်ထား​ ဒဏ်ခတ်ထား​တဲ့​ ၂၀၀၈ တွန်လမ်း​တို့​စ် မြန်မာ​ကျောက်မျက်ပိတ်ပင်​ရေး​ ဥပ​ဒေအရ အ​ရေး​ယူဖို့​ ​တောင်း​ဆိုတာလို့​ ဇွန် ၂၇ ရက် ထုတ် USCB ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီ အမည်ခံ အစိုး​ရသစ်တက်လာပြီး​ ရက်​ပေါင်း​ ၁၀၀ ​လောက် ရှိ​ပေမယ့်​ ဘာမှ​ပြောင်း​လဲတာ မ​တွေ့​ရ​သေး​တဲ့​အ​ကြောင်း​၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၂၀၀၀ ​လောက်ရှိ​နေပြီး​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာ၊​ တိုင်း​ရင်း​သား​တွေကို တိုက်ခိုက်​နေတာ​တွေ ဆက်လက်ဖြစ်ပွား​နေတဲ့​အ​ကြောင်း​နဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ သုံး​ပွင့်​ဆိုင် ​ဆွေး​နွေး​ရေး​ ​ခြေလှမ်း​စတာ မမြင်ရဘူး​လို့​ USCB က ​ပြောပါတယ်။
USCB ရဲ့​ အမှု​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အောင်ဒင်က မြန်မာပြည်က သန်း​နဲ့​ချီတဲ့​ လူ ​တွေဟာ အာဏာပိုင်​တွေရဲ့​ မတရား​ဖိနှိပ်မှုကိုသာ ခံ​နေကြရတာမဟုတ်ဘဲ ခုဆိုရင် အာဏာရ စစ်အစိုး​ရလက်​အောက်မှာ ဒုတိယအင်အား​အကြီး​ဆုံး​ လူတန်း​စား​ဖြစ်​နေတဲ့​ စစ်အစိုး​ရရဲ့​ စီး​ပွား​ဘက်​တွေရဲ့​ မတရား​ဖိနှိပ်မှုကိုပါ ခံ​နေကြရတယ်လို့​ ​ကြေညာချက်မှာ ​ပြောပါတယ်။
အစိုး​ရကို စီး​ပွား​ရေး​နဲ့​နိုင်ငံ​ရေး​အရ ပံ့​ပိုး​ပေး​နေသူ ၄၂ ဦး​အနက် စီး​ပွား​ရေး​သမား​တွေက​တော့​ ​ဒေါက်တာ စိုင်း​ဆမ်ထွန်း​၊​ ဦး​ချစ်ခိုင်၊​ ဦး​အောင်ကိုဝင်း​၊​ ဦး​အိုက်ထွန်း​တို့​ပါဝင်ပြီး​ မီဒီယာသမား​တွေထဲမှာ​တော့​ ​ဒေါက်တာ တင်ထွန်း​ဦး​၊​ ​ဒေါက်တာသန်း​ထွဋ်​အောင်၊​ ​ဒေါက်တာ ​နေဝင်း​မောင်၊​ ကိုကို (စက်မှု) ၊​ မြတ်ခိုင်၊​ ဟိန်း​လတ်၊​ မျိုး​အောင် တို့​ပါဝင်ပါတယ်။
ရုပ်ရှင်​ လောကထဲမှာ​တော့​ လွင်မိုး​၊​ ဇင်​ယော်​မောင်​မောင်တို့​ပါဝင်ပြီး​ မြန်မာ စစ်​ခေါင်း​ဆောင်​ဟောင်း​တွေရဲ့​ သား​မြေး​တွေဖြစ်တဲ့​ စစ်တိုင်း​အောင်၊​ စစ်​သွေး​အောင်၊​ ​နေ​ရွှေ​သွေး​အောင်၊​ တိုး​နိုင်မန်း​၊​ ​အောင်​ဇော်ရဲမြင့်​ စသူတို့​ ကိုလည်း​ ထည့်​သွင်း​ထား​ပါတယ်။
လက်ရှိ အ​မေရိကန်က ဘဏ္ဍာ​ရေး​အရ ပစ်မှတ်ထား​ ဒဏ်ခတ်အ​ရေး​ယူထား​တဲ့​ မြန်မာအစိုး​ရနဲ့​ အ​ပေါင်း​အ​ဖော် အ​ရေအတွက်ဟာ ဩစ​တြေး​လျနဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂတို့​ထက် အလွန်အမင်း​ နည်း​ပါး​နေပြီး​ အစိုး​ရရဲ့​ စီး​ပွား​ဘက် အ​တော်များ​များ​ဟာ လွတ်ငြိမ်း​ကင်း​လွတ်ခွင့်​ ရ​နေတယ်လို့​လည်း​ အ​မေရိကန်အ​ခြေစိုက် မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့​က ​ထောက်ပြထား​ပါတယ်။
မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း​ မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း​ Reviewed by သစ်ထူးလွင် on 17:38 Rating: 5
Powered by Blogger.