ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့

Published on June 29, 2011 by ဒီဗွီဘီ   ·   No Comments

ကချင်ပြည်နယ် မြို့​တော် မြစ်ကြီး​နား​မြို့​မှာ ညမထွက်ရ အမိန့်​မထုတ်ထား​သော်လည်း​ ​ဒေသခံလူထုတို့​မှာ ည​ရေး​ညတာ အပြင်ထွက်ဖို့​ ခက်​နေပြီး​ ညစဉ်ဖမ်း​ဆီး​မှု​တွေလည်း​ရှိ​နေလို့​ ​ဒေသခံလူထုတို့​မှာ စိုး​ရိမ်ထိတ်လန့်​ ​နေကြပါတယ်။
မြစ်ကြီး​နား​ မြို့​ခံတဦး​က
“မြစ်ကြီး​နား​မြို့​ထဲမှာလည်း​ ညတိုင်း​လိုလို ဖမ်း​ဆီး​မှု​တွေ များ​နေတယ်။ ဧည့်​စာရင်း​စစ်ပြီး​ မသင်္ကာဘူး​ဆိုပြီး​ ​ခေါ်သွား​တယ်။ ဘယ်​ခေါ်သွား​လဲ မသိဘူး​၊​ ​ထောက်လှမ်း​ရေး​ ​ခေါ်သွား​သလား​၊​ ရဲစခန်း​ခေါ်သွား​သလား​ ဘယ်​နေရာ​ခေါ်သွား​လဲ မသိဘူး​၊​ အခု ည ၇ နာရီ ၈ နာရီ လမ်း​ပေါ်သွား​လာတဲ့​သူ​တွေကို မသင်္ကာဘူး​ဆိုပြီး​မှ၊​ မသင်္ကာဘူး​ဆိုရင် ပြီး​ပြီဗျာ ပစ္စည်း​တွေ အကုန်သိမ်း​တာပဲ။ ဆိုင်ကယ်​တွေလည်း​ သိမ်း​တာပဲ။ လမ်း​လျှောက်သွား​တဲ့​သူကိုလည်း​ ကား​ပေါ်တင်သွား​တာ၊​ ကချင်လူမျိုး​ပေါ့​ဗျာ၊​ များ​တော့​ အား​ဖြင့်​ ကချင်ရွာ​တွေ ဖြစ်တာ​လေ” လို့​ ​ပြောပါတယ်။
စစ်သား​အများ​ အပြား​ မြစ်ကြီး​နား​မြို့​ပြင် ဆယ်မိုင်ရွာသစ်ဘက်မှာ ​ရောက်ရှိ တပ်စွဲထား​ပြီး​ အနီး​နား​ ကချင်​ကျေး​ရွာက ​တောင်ယာစိုက်ခင်း​တွေကိုလည်း​ ဝင်​ရောက် ရှာ​ဖွေတာ​တွေ လုပ်​နေလို့​ ​ဒေသခံ​ကျေး​ရွာသား​တို့​မှာ မိမိတို့​တောင်ယာခင်း​ကို မသွား​ရဲကြ​တော့​ဘူး​လို့​ ​ဒေသခံက ​ပြောပါတယ်။
ကချင်ပြည်နယ်၊ ​ ဗန်း​မော်မြို့​မှာ​တော့​ ညမထွက်ရ အမိန့်​ထုတ်ပြန်ထား​တာမို့​ မြို့​ခံလူထုမှာ ကျီး​လန့်​စာစား​ဖြစ်​နေရတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။
“အခုက ကျီး​လန့်​စာစား​ဖြစ်​နေတာ၊​ ၈ နာရီထိုး​တာနဲ့​ လူ​တွေက ပျာယာ ပျာယာနဲ့​ ကိုယ့်​အိမ်ကို ပြန်​ပြေး​ရ​တော့​တာ။ ​နောက် ​ကျေး​ရွာ​တွေက​နေ ဟင်း​သီး​ဟင်း​ရွက် ည​ဈေး​တန်း​ လာ​ရောင်း​တယ်၊​ မိုး​မလင်း​ဈေး​ဆိုတာ ရှိတယ်၊​ အခွန်လွတ် ​ဈေး​ပေါ့​။ အဲဒီ​ဈေး​ကလည်း​ မရှိ​တော့​ အပြင်ရွာကလာတဲ့​ ​တောသူ​တောင်သား​တွေ ကျပ်ကုန်ပြီ၊​ ဘယ်သွား​ရောင်း​ရမလဲ ဒီပစ္စည်း​က။ ရွာနီး​ချုပ်စပ်က ည​နေဆိုရင် ​မော်​တော်နဲ့​ လာတယ်၊​ တချို့​ဆို ​ထော်လာဂျီနဲ့​ လာတယ်။ လာပြီး​ရင် ည​ဈေး​တန်း​မှာ​ရောင်း​တယ်၊​ မိုး​လင်း​ရင် ပြန်တယ်။ ခြံစိုက်ထား​ပြီး​တော့​ အလကား​ ဖြစ်ပြီ​လေ။ အိမ်မှာ နွား​ကျွေး​နေရတယ်တဲ့​၊​ ည​နေလာလို့​ မရ​တော့​ဘူး​။ မနက်မှ လာ​တော့​လည်း​ ၆ နာရီမှ ရွာက ထွက်တယ်ထား​၊​ မြို့​ထဲကို ၈ နာရီ​လောက်မှ ​ရောက်တယ်။ ​ဝေး​တော့​ သီး​နှံ​တွေက ပုပ်ပဲ့​ပြဲ၊​ ခြံထဲမှာ အလုပ်သမား​ခ​တောင် မရ​တော့​ဘူး​ တချို့​ဆိုရင်။
ဗန်း​မော်မှ တရုတ်နယ်စပ်သို့​ သွား​ရာ လမ်း​ကြောင်း​တွေအား​လုံး​ ဗုံး​ခွဲမှု​ကြောင့်​ လမ်း​ပိတ်ထား​ရဆဲဖြစ်ပြီး​ နယ်စပ်ကုန်သွယ်​ရေး​ကို မှီခို​နေရတဲ့​ ကုန်သည်၊​ ကား​သမား​၊​ သစ်နဲ့​ဆိုင်ကယ် ကယ်ရီသမား​တွေ အလုပ်ရပ်နား​ထား​ရသလို ဗန်း​မော်သ​င်္ဘောဆိပ် ကုန်တင်ကုန်ချအလုပ်သမား​ စတဲ့​ အလွှာ​ပေါင်း​စုံက ​ဒေသခံ​တွေက ဝင်​ငွေထိခိုက်​နေပါတယ်။
အခုလ ၂၄ ရက်​နေ့​က ပြည်သူ့​လွတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ရန်ကုန်တိုင်း​ ​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ စာနယ်ဇင်သမား​တွေနဲ့​ ​တွေ့​ဆုံပွဲမှာ မြစ်ကြီး​နား​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ဇော်ရဲ့​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​နဲ့​ မြန်မာတပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေကို ကြား​ဝင်​ဆောင်ရွက်​ပေး​လို့​ ကချင်ပြည်နယ်အတွင်း​ ပုံမှန်အ​ခြေအ​နေပြန်​ရောက်​နေပြီလို့​ ​ပြောခဲ့​ပေမယ့်​လည်း​ ဒီက​နေ့​အထိ ​အေး​ချမ်း​တည်ငြိမ်မှုကင်း​မဲ့​ကာ ​ဒေသခံလူထု​တွေ စိုး​ရိမ်ထိတ်လန့်​မှု ရပါတယ်။
ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့​ ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့​ Reviewed by သစ်ထူးလွင် on 17:15 Rating: 5
Powered by Blogger.