မင်းသမီ ဆိုတာ လောကဓံ ကို ကြံ့ကြံ့ ခံရဆုံး လူသားတွေ ပါ၊ စိုးမြတ်သူဇာ က အိမ်ထောင် လုံးဝ မပြု ပါ ဟု ဆို


မင်းသမီ ဆိုတာ လောကဓံ ကို ကြံ့ကြံ့ ခံရဆုံး လူသားတွေ ပါ၊ စိုးမြတ်သူဇာ က အိမ်ထောင် လုံးဝ မပြု ပါ ဟု ဆိုပရိသတ်တွေကြား ထဲမှာ စိုးမြတ်သူဇာ အိမ်ထောင်ပြု တော့မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ပျံ့နှံ့လို့နေပါတယ်။ တစ်နေ့မှာ
မိတ်ဆွေ တစ်ယောက်ရဲ့ကူညီမှုနဲ့ အမျိုးသမီး ရေးရာက ကျင်းပမယ့်ပွဲမှာ မကြီးစိုး အစမ်း လေ့ကျင့်နေတယ် ဆိုတာကြောင့် မကြီးစိုးရှိတဲ့ အမျိုးသား ကဇာတ်ရုံကို taxi ငှားပြီး အမြန် ရောက်သွားခဲ့ပါတယ်။
မကြီးရေမင်္ဂလာပါ မကြီးနဲ့ မတွေ့ရတာကြာနေပြီနော်  . . .
မင်္ဂလာပါ
မကြီးအခု ဘာကားတွေရိုက်နေလဲ။
ဟိုတနေ့ကမှ ဦးဝင်းထွန်းထွန်းနဲ့ရိုက် တဲ့ကား ပြီးသွားတယ်။
လူတစ်ယောက်ရဲ့ဘ၀မှာဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ မကြီးဘာကိုရွေးချယ်မလဲ။
လူတစ်ယောက်ဘ၀မှာ ဖြစ်ချင်တာ၊ ဖြစ်နေတာနဲ့ ဖြစ်ရမှာဆိုတဲ့ အကြောင်းသုံးရပ် ရှိတယ်ဆိုရင် မကြီးရဲ့ နိစ္စဓူဝရင်ဆိုင်ဖြတ်   သန်းမှု့ဟာ ဖြစ်ချင်တာ နဲ့ဖြစ်ရမှာဆိုတဲ့ အပေါ် မှာ သာ တည်ဆောက် ထားခဲ့ ပါတယ်။ ဘာဖြစ် ချင်လိုက်တာ ဆိုတာမျိုး။ အဲဒီလို ဘာမှ မဖြစ် ချင်ဘူးဆိုတာ လည်းမရှိ တော့ပါဘူး။ ဖြစ်ပေါ် လာသမျှအရာ အားလုံး ရင် ဆိုင်တတ်ပါပြီ။
မင်းသမီးဘ၀ကိုရောမကြီးကျေနပ်လား။
မင်းသမီး ဆိုတာ ဘယ်သူတွေလဲ၊ ဘယ် လိုလူစားတွေ လဲလို့ ပရိသတ်တွေက သိချင် ကြတယ်။ မင်းသမီး ဆိုတာ လူထဲကလူတွေ ထဲမှာမှမိန်းမသား တွေထဲမှာမှ လောကဓံကို  ကြံ့ကြံ့ ခံရဆုံးလူသားတွေပါ။ ကျွန်မတို့ ဟန် ဆောင်ကြရပါတယ်။ ဟန်ဆောင် တဲ့အတတ် ပညာကို တက်ကျွမ်းရပါတယ်။ ရင်ထဲ မှာငို ကြွေးပူဆွေး နေပေမယ့် မိတ်ကပ် မျက်နှာနဲ့ တ အားအော် ဟစ်ရယ်မောနိုင်တာ မင်းသမီး တွေပါ။အပူရုပ် ဟန် လုပ်ပြတတ်ကြသူ တွေကလည်း မင်းသမီး ဆိုတဲ့အမျိုးသမီးတွေပါပဲ။ သေချာ တာက လောကဓံ ကိုလူတကာ ထက်ပိုပြီးခံနိုင် ရည်ရှိသူ တွေဟာ မင်းသမီးတွေပါ။
မကြီးအခုအပြင်မှာကြားနေရတဲ့ ဟောလာဟလကိုရော ဖြေရှင်းချင်သေးလား။
အဲဒါ လုံးဝ မဟုတ်ပါဘူး။ မကြီး လုံးဝ အိမ်ထောင် ထပ်မပြုပါဘူး။ မကြီးမင်း သမီး ဘ၀နဲ့ပဲ တစ်သက်လုံး ရပ်တည် သွားမှာပါ။ အခုအပြင်က ကောလာဟလ ထွက် နေတဲ့သူကို အမှန်အတိုင်း ပြောရင် မကြီး သိလည်းမသိဘူး မြင်လည်း မမြင်ဖူးဘူး။ ဘယ်သူက ဘယ်လိုလွင့်လိုက်လဲ သတင်း ဆိုတာမသိ ပေမယ့် အဲဒီ သတင်း ကြောင့် မကြီး အတွက်နစ်နာသလို တစ်ဖက်လူ အတွက်လည်း သိက္ခာကျ စရာဖြစ်တယ်။
တစ်ချိန်ကပြုလုပ်ခဲ့တဲ့အကျိုးပေးကြောင့်အခုဘ၀မှာ ဒီလိုမျိုးတွေဖြစ်ရတယ်ဆိုတဲ့လူတွေရဲ့စကားကို မကြီးဘယ်လိုမြင်လဲ။
လူဆိုတာ ဒီနေ့ ဒီအကြောင်းတွေကြုံရဖို့ ကံပါ ရင်ကြုံကိုကြုံရမှာပါ။ ရှောင်လွှဲလို့မရပါဘူး။ မကြီးတို့ ပုထုဇဉ်တွေ မပြောပါနဲ့။ ဘုရား ရဟန္တာ တွေတောင် အတိတ်ကံ ဆိုတာရှိရင် ရှောင်လွှဲ လို့မရနိုင်ပါဘူး။ အားလုံး အကျိုးအကြောင်း ဆက်စပ်ပြီး ဖြစ်ရတဲ့အရာတွေပါ။ ဘာဖြစ်လို့ငါ့ ကျမှ လာဖြစ်ရလဲဆို တာမတွေးဘူး။ ဒီနေ့ အချိန်ငါ ရင်ဆိုင်နေတာက ငါရဲ့ ကံပဲလို့တွေးပါ တယ်။
မြင့်မြင့်စိုး
မင်းသမီ ဆိုတာ လောကဓံ ကို ကြံ့ကြံ့ ခံရဆုံး လူသားတွေ ပါ၊ စိုးမြတ်သူဇာ က အိမ်ထောင် လုံးဝ မပြု ပါ ဟု ဆို မင်းသမီ ဆိုတာ လောကဓံ ကို ကြံ့ကြံ့ ခံရဆုံး လူသားတွေ ပါ၊ စိုးမြတ်သူဇာ က အိမ်ထောင် လုံးဝ မပြု ပါ ဟု ဆို Reviewed by သစ်ထူးလွင် on 17:38 Rating: 5
Powered by Blogger.