မွေးနေ့ပွဲ ကျင်းပရန် နာရီပိုင်းအလိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ရောက်ရှိ

ကိုထိန်လင်း အား ယမန်နှစ်လာရောက်စဉ်က တွေ့ရပုံ
ရန်ကုန် ဇွန် ၁၉ ယနေ့တွင် ကျရောက်သော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ပွဲ ကျင်းပရန် နာရီပိုင်းအလို နံနက်ကိုးနာရီခွဲခန့်တွင် သားငယ်ဖြစ်သူ ကိုထိန်လင်းသည် ထိုင်းအဲယားဝေး လေကြောင်းလိုင်းဖြင့် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါလေဆိပ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly ၏ အကြီးတန်းသတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၀ ရက်ခန့်အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့သည်။
မွေးနေ့ပွဲ ကျင်းပရန် နာရီပိုင်းအလိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ရောက်ရှိ မွေးနေ့ပွဲ ကျင်းပရန် နာရီပိုင်းအလိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ရောက်ရှိ Reviewed by သစ်ထူးလွင် on 13:58 Rating: 5
Powered by Blogger.