တပ်မတော်လေယာဉ်တစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ယာယီ ကွင်းပိတ်ထားရ








Friday, 17 June 2011 19:35 
ဇွန်လ ၁၇ ရက် ညနေ ၄ နာရီ အချိန်ခန့်က တပ်မတော်လေယာဉ် တစ်စင်းလမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ယာယီ ကွင်းပိတ်ခဲ့ရကြောင်း
သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက် ညနေ ၄ နာရီတွင် တရုတ်နိုင်ငံထုတ် ပန်ကာလေးလုံးတပ် Y8 အမျိုးအစား တပ်မတော်လေယာဉ်တစ်စင်းသည် လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်တွင် ကန့်လန့် ဖြတ်ဖြစ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာမည့် ပြည်တွင်း ပြည်ပ ခရီးစဉ်အားလုံးအား ရပ်ဆိုင်းထားပြီး ပြည်တွင်းပြည်ပမှ ဆိုက်ရောက်လာမည့် ခရီးစဉ်များကိုလည်း ထွက်ခွာရာ လေဆိပ်များသို့ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။
"အခုဖြစ်ရတာက လေ့ကျင့်ပျံသန်းရင်းနဲ့ လေယာဉ်ပြေးလမ်းပေါ်ပြန်အဆင်းမှာ လမ်းချော်သွားတယ်လို့ ကြားသိရပါတယ်။ လေယာဉ်က ပြေးလမ်းပေါ်မှာ ကန့်လန့်ဖြစ်နေပြီး အချို့အစိတ်အပိုင်းတွေက ပြေးလမ်းဘေးက ရွံ့ထဲကို ရောက်နေတာပါ။ ဒီလို လမ်းချော်တဲ့အတွက် လေယာဉ်ပေါ်မှာပါတဲ့သူတွေတော့ အထိအခိုက်ဖြစ်တယ်လို့ မကြားမိပါဘူး" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိအချိန်တွင် လမ်းချော်မှုကြောင့် ပြေးလမ်းပေါ်တွင် ကန့်လန့်ဖြတ်တင်နေသော တပ်မတော်လေယာဉ်ကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိပြီး ဇွန်လ ၁၇ရက်ညတွင် အပြီးပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။ ကွင်းပိတ်ထားသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အားလည်း ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ဖွင့်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်လေယာဉ်တစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ယာယီ ကွင်းပိတ်ထားရ တပ်မတော်လေယာဉ်တစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ယာယီ ကွင်းပိတ်ထားရ Reviewed by သစ်ထူးလွင် on 14:08 Rating: 5
Powered by Blogger.