4th of July ဘောလုံးဒိုင်း KYU အသင်း ဗိုလ်စွဲ

ဗိုလ်စွဲသွားတဲ့ KYU အသင်း ဆုယူနေပုံ
ပြည်သူ့ဂုဏ်ရည်(အော်ဘာနီမြို့)
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အော်ဘာနီမြို့မှာ အမေရိကန်နိုင်ငံ
လွတ်လပ်နေ့အကြို ဘောလုံးပွဲကိုဇွန်လ 24 ရက်နေ့ 26 ရက်နေ့အထိ
ကျင်းပခဲ့ပါတယ်။ အော်ဘာနီ၊ ယူတီကာ၊ဆာရာကျူ့  ၊ဗန်မောက် နဲ့
ဟက်ဖို့ဒ် မြို့ တွေက မြန်မာတွေ အားလုံးပေါင်း (၁၁) သင်း ပါဝင်
ကစားခဲ့ကြတာပါ။
    ဒီကနေ့ မှာတော့ နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်လာတဲ့ ယူတီကာမြို့က KYU
အသင်းနဲ့ OTC အသင်း ယှဉ်ပြိုင် ကစားရာမှာ KYU အသင်းက အနိုင် ကစားပြီး ဒိုင်းဆု
ရယူသွားပါတယ်။ အခုလို ဘောလုံးပွဲတွေကို အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံ
သားများအသင်းက စီစဉ် ကျင်းပတာဖြစ်ပါတယ်။
    အခုနှစ် ဘောလုံးပွဲ ကိုတော့  ပြည်သူ့ဂုဏ်ရည်အဖွဲ့(အော်ဘာနီမြို့) ရဲ့ ပံပိုး ကူညီ
မှုနဲ့ ထူးထူးခြားခြားကျင်းပခဲ့တာဖြစ်ပါတယ်။
4th of July ဘောလုံးဒိုင်း KYU အသင်း ဗိုလ်စွဲ 4th of July ဘောလုံးဒိုင်း KYU အသင်း ဗိုလ်စွဲ Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.