အလုပ်သင် ဆရာဝန်လစာ အဆတစ်ရာနီးပါး တိုးမြှင့်ပေးရန်ရှိ

အလုပ်သင် ဆရာဝန်လစာ အဆတစ်ရာနီးပါး တိုးမြှင့်ပေးရန်ရှိ
 မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍတွင် ရေပန်း အစားဆုံး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မှတ် မြင့်မားစွာ ရရှိထားရန် လိုသော ဆေးတက္ကသိုလ်ဆင်း အလုပ်သင် ဆရာဝန်များ၏ လုပ်ခလစာ နှုန်းထားများကို မူလ ရရှိနေသည့် နှုန်းထားမှ အဆတစ်ရာ နီးပါးအထိ တိုးမြှင့် ပေးသွားရန် ရှိကြောင်း နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ အသက် ၅၃ နှစ် အရွယ် ပါမောက္ခဟောင်း အကြီးတန်း အရာရှိကြီး
တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အလုပ်သင် ဆရာဝန်များ လက်ရှိ ရရှိနေသော တစ်လ ၁၂၈၀ ကျပ်မှ ငွေကျပ် တစ်သိန်း နီးပါးအထိ တိုးမြှင့်ပေးရန် ရှိကြောင်း၊ အလုပ်သင် ဆရာဝန်များ၏ နှစ်ရှည်လများ ငွေကြေး အကုန်အကျခံကာ ကြိုးစား လာရသော အချိန်များနှင့် စာလျှင် ယခု ရရှိနေသော လစာမှာ နည်းပါး နေသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် အစိုးရ အပြောင်းအလဲတွင် ကျန်းမာရေး ကဏ0x081ဍ၏ အခြေခံကျသော အပြောင်းအလဲများ ဖော်ဆောင်ရေး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။
"House Surgeon တွေကို တိုးပေး ပြီးရင်တော့ A.S (Assistant Surgeon) တွေကိုပါ ဆက်တိုးပေး သွားမှာပါ" ဟု ၄င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ လစာတိုးမြှင့်ရန် ရှိသည့် ကိစ္စနှင့် ပတ်သက်၍ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်း ကလည်း မကြာခင် အလုပ်သင် ဆရာဝန်များ၏ လစာနှင့် ပတ်သက်၍ သတင်းကောင်းများ ကြားရန် ရှိပါသည် ဟု ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ အလုပ်သင် ဆင်းကာစ ဆရာဝန်ငယ် များကိုသာ တိုးမြှင့်ပေးခြင်းသည် အလွန် ကြိုဆိုသင့်သော ကောင်းမွန်သည့် ကိစ္စ ဖြစ်ကြောင်း၊ ၄င်းတို့ အလုပ်သင် ဆင်းသည့် ကာလမှာ တစ်လလျှင် ငွေကျပ် ၃၈၆ ကျပ်သာ ရရှိခဲ့ကြောင်း စဉ်ဆက်မပြတ် ဆေးပညာ CME မှ ဆေးပညာနှင့် ရောဂါကုထုံး နည်းပြ ဒေါက်တာသန့်ဇင်က ပြောကြားသည်။
မြန်မာနိုင်ငံကဲ့သို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သော မလေးရှား နိုင်ငံတွင် အလုပ်သင် ဆရာဝန် တစ်ဦး၏ တစ်လလုပ်ခ လစာမှာ ရင်းဂစ် ၂၃၀၀ (ကျပ်ငွေ ၅၅၂,၀၀၀) နှင့် အထူးခံစားခွင့်မှာ ရင်းဂစ် ၃၀၀၀ (ကျပ်ငွေ ၇၂၀,၀၀၀ ခန့်) ဖြစ်ကြောင်း မလေးရှား အမျိုးသားဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော အလုပ်သင် ဆရာဝန် အခိျု့ထံမှ စုံစမ်း သိရှိရသည်။
မလေးရှား Sarawak တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသူ မြန်မာနိုင်ငံ မှ ဆရာဝန် စာရေးဆရာကြီး ဒေါက်တာ မောင်မောင်ညိုကလည်း အလုပ်သင် ဆရာဝန်များ လစာ အဆတစ်ရာခန့် တိုးမြှင့်ပေးရန် ရှိသည်ကို သူ၏မိတ်ဆွေ ကျန်းမာရေး အရာရှိများထံက ကြားသိရကြောင်း၊ ယင်းအစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် ၂၀၀၉-၂၀၁၀ ခုနှစ်၌ ဆရာဝန် ၂၆,၀၁၆ ဦး ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေး တာဝန် (Inservice) ၁၁,၁၅၈ ဦး၊ ပုဂ္ဂလိက ပြင်ပ ဆေးခန်းများတွင် ၁၄,၈၅၈ ရှိပြီး ဆေးတက္ကသိုလ် လေးခုမှ တစ်နှစ်လျှင် ဆေးပညာဘွဲ့ M.B.,B.S ရရှိသူပေါင်း ၂၄၀၀ ဦးခန့် မွေးထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အလုပ်သင် ဆရာဝန်လစာ အဆတစ်ရာနီးပါး တိုးမြှင့်ပေးရန်ရှိ အလုပ်သင် ဆရာဝန်လစာ အဆတစ်ရာနီးပါး တိုးမြှင့်ပေးရန်ရှိ Reviewed by သစ်ထူးလွင် on 12:47 Rating: 5

No comments:

Powered by Blogger.