ရွှေတိဂုံ ရင်ပြင်တော်ရှိ ကျောင်းသားသပိတ် ကျောက်စာတိုင် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ကြားသိရ

ရွှေတိဂုံစေတီတော် ရင်ပြင် စနေထောင့်ရှိ တားမြစ်ဧရိယာ ကန့်သတ်၍ ပိတ်ထားသည်မှာ ၅ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သော ကျောင်းသားသပိတ် ကျောက်စာတိုင်ကို မကြာမီ အများပြည်သူ ကြည့်ရှုလေ့လာရန် ပြန်လည်ဖွင့်လှစ်တော့မည်ဟု ကြားသိရသည်။

ယခင် တားမြစ်ပိတ်ပင်ထားစဉ်က
နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အပါအ၀င် နှစ်ရက်ခန့်သာ အများပြည်သူ ကြည့်ရှုနိုင်ခဲ့သော ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ယခုအခါ ပုံမှန် ကြည့်ရှုခွင့် ဖွင့်ပေးရန် ဂေါပက အဖွဲ့မှ ကြိုးပမ်းလျက် ရှိပြီး မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု သိရသည်။



အဆိုပါကျောက်တိုင်သည် ကိုလိုနီ နယ်ချဲ့ အင်္ဂလိပ်အစိုးရ၏ ကျွန်ပညာရေးဖြစ်စေရန် ဖိနှိပ်ကန့်သတ်ထားသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်ကြသဖြင့် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တွေ့ဆုံ၍ သပိတ်မှောက်ရန် သစ္စာအဓိဌာန် ပြုသော အထိမ်းအမှတ်ဖြင့် တည်ထားသော ကျောက်စာတိုင်ဖြစ်ပြီး အောင်မြေသဘောမျိုးလည်း ဆောင်သဖြင့် ပြည်သူနှင့် အစိုးရကြား ပဋိပက္ခများ ရှိခဲ့သည့် မြန်မာ့ဆိုရှယ်လမ်းစဉ်၏ တစ်ပါတီခေတ် အပါအ၀င် ခေတ်အဆက်ဆက်၌ ကျောင်းသား ရဟန်းရှင်လူ ပြည်သူအများ စုဝေးခဲ့ဖူးရာ နေရာလည်း ဖြစ်ခဲ့၍ သမိုင်းဝင်နေရာ ဟူသော အကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့သော်လည်း ယခုလက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်၌ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိမည်ဟု မျှော်လင့်ရပေသည်။

ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်ပေါ် စနေထောင့်၌ အဆိုပါကျောက်စာတိုင်ကို လွန်ခဲ့သော ၉၁ နှစ် အကြာ မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့ (အမျိုးသားနေ့ ဖြစ်ပေါ်ရန် ၂ ရက်အလို) ၌ ကျောင်းသားကြီး ၁၁ ဦးတွေ့ဆုံ သစ္စာဓိဌာန် ပြုခဲ့သော အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ခြင်း ဖြစ်သည်။
http://www.mmdailynews.com/viewnews.php?id=518
ရွှေတိဂုံ ရင်ပြင်တော်ရှိ ကျောင်းသားသပိတ် ကျောက်စာတိုင် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ကြားသိရ ရွှေတိဂုံ ရင်ပြင်တော်ရှိ ကျောင်းသားသပိတ် ကျောက်စာတိုင် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ကြားသိရ Reviewed by သစ်ထူးလွင် on 06:23 Rating: 5

No comments:

Powered by Blogger.