သန်းရွှေ ၏ အထ္တုပတ္တိ စာအုပ်အဖြစ် ထုတ်ဝေမည်

by Thant Syn on Wednesday, April 27, 2011 at 11:19pm
မန်မာ စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံ ၏ အမြင့်ဆုံး အာဏာ ကို ရယူ ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်မှုးကြီး ဟောင်း ဦးသန်းရွှေ သည် ၎င်း ၏ဘ၀ ဖြစ်စဉ် အား မြန်မာနိုင်ငံ တွင်း ရှိ နာမည် ကျော် စာရေး ဆရာ အချို့  နှင့် တိုင်ပင် ပြီး
ရေးသား လျှက် ရှိကာ မကြာမှီ ထုတ်ဝေနိုင်ရန်
စီစဉ် နေသည် ဟု FNG မှ သတင်း ရရှိသည်။


ရက်စက် သော စစ်အာဏာရှင် တစ်ဦး ဟု နိုင်ငံသား များ က သာ မက ကမ္ဘာက ပါ ထင်မြင်ကြသည့်မြန်မာ စစ်ခေါင်းဆောင်၏  ကိုယ်ရေး အတ္ထုပတ္တိ စာ အုပ် တွင် အခန်း ၈ ခန်း ပါရှိပြီး ပထမ ဦးဆုံးအခန်း တွင် မတ်လ ၃၀ ရက်နေ့ မြန်မာ နိုင်ငံ ဉ် အရပ်သား အစိုးရ သစ် စတင်ပြီး စစ်ကောင်စီ ဖျက်သိမ်း လိုက်သည် ဆိုသည့် သတင်း ကို ရုပ်သံ မှ ထုတ်လွှင့် ကြေငြာသည့် အခါ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ထို သတင်း ကို နားထောင် နေ ပုံ နှင့် အစချီထား ပြီး သူ့  ငယ်ဘ၀ ကို ပြန်လည် ရောက် ရှိသွား ကာ သူ၏ ဇာတိ ကျောက်ဆည် လယ်တွင်း ကိုး ခရိုင်  အညာတွင် ရေရှား သဖြင့် လက်ယက်တွင်း မှ ရေ ကို သောက်ရေ အဖြစ် စောင့် ယူ ရ ပုံ တို့  ပါရှိသည်။

အခန်း ၂ တွင် သူ ၏ ကျောင်းသား ဘ၀ ၊ စာတိုက် စာရေးဘ၀ နှင့်  စစ်တပ် တွင်း ၀င်ရောက် ရန် မေးမြန်း စုံစမ်း ပုံ ၊

စာအိတ် များ တွင် ထိုခောတ်က  မြန်မာ့ တပ်မတော်အရာရှိ များ နှင့် စစ်တပ်များ က စာပေး စာယူလုပ် ပုံရာထူး အဆင့် များ ကို မြင်ရသည့် အခါ အားကျလာပြီးစစ်တပ် ထဲဝင် ချင် လာပုံ ၊ မိဘ ကို လုပ် ကျွေး ပုံတို့ ကို ဖော်ပြထားသည်။အခန်း ၃ တွင် စစ်တပ် ထဲ ၀င်ရောက် ပြီး နောက်စစ်သင်တန်း တက် ရောက်သည့် အတွေ့ အကြုံ နှင့်ထိုခောတ် က နာမည် ကျော် စစ်အရာ ရှိများ ကိုတွေ့ ရသည့် အခါ နာမည် သာ ကြားဖူးပြီး လူမမြင်ဘူးသည့် အတွက် ယခုကဲ့ သို့  မျက် ကိုယ်တွေ့ ကြုံရသည့် အခါ များ တွင် ကြက်သီး မွေးညင်း ထသည် အထိ ဖြစ်ရ ပုံ တို့ ကို ဖော်ပြထားသည်။


အခန်း ၅ တွင် စစ်တပ် ၁၉၈၈ စစ်တပ် မှာ အာဏာသိမ်း သည် တွင် စပြီး ဖြစ်ရပ် မှန် များ ပါရှိ ခြင်းသိပ်မရှိ တော့ ဘဲ နိုင်ငံခြား တပ် များ ၀င်ရောက် လာပြီး ပြည်ထောင် စု ပြို ကွဲ မှာ ဆိုးသည့် အတွက်ဦးနေ၀င်းဗိုလ်ချုပ် ကြီး စော မောင် ၊ ဗိုလ်မှုးချုပ် မျိုးညွန့်  နှင့် သူအပါအ၀င် ခေါင်းဆောင် စစ်ခေါင်းဆောင် ၁၄ ဦး တို့ တွေ့ ဆုံပြီး အာ ဏာသိမ်း ယူ လိုက် ရပုံ တို့ ကို သဲထိတ် ရင် ဖို ဖွယ်ရာ ဖော်ပြထားသည်။


အခန်း ၆ တွင် တိုင်း ပြည်ကို ပြန်လည် တည်ဆောက် ရာဉ် သူ့ တွင် အစား ပျက် အအိပ် ပျက် ၍ လေရောဂါ ရကာ ကျန်းမာရေး ချို့ ယွင်း လာ ပုံ ကို ဖော်ပြထား ပြီး န၀တ မှ နအဖ စစ်အစိုးရ ပြောင်းလဲလိုက် ပုံ တွင် အာဏာသိမ်းမှု တွင် ပါဝင် ခဲ့သည့် စစ်ဗိုလ်ချုပ် အချို့ ကို ရာထူး မှ အနား ပေး လိုက်ပုံ၊စီးပွားရေး ပိတ် ဆို့ မှုများ နှင့် ပြည်တွင်း ငြိမ်း ချမ်း ရေး အတွက် တိုင်းရင်း သား အဖွဲ့ များ ငြိမ်းချမ်း

ရေး ရယူ နိုင်ပုံများ တွင် သူက အက္ခရာ ကျပုံ များ ကို ဖော်ပြထားသည်။စာအုပ် ၏ အခန်းစီတိုင်း တွင် ငယ်စဉ် မှ အစ ပုသိမ် မြို့ တွင် တာဝန် ကျပုံ မှ အလယ် နေပြည်တော် ကို ပြောင်း ရွှေ့ သည် ထိ အဆုံး တွင် သူ နှင့် သူ့ မိသား စု မှ ဘာသာရေး ကို သက်ဝင်
ကြည်ညို ပုံ နှင့်ကောင်းမွန်သည့် မြန်မာ နှင့်  နိုင်ငံတကာ ဆက်ဆံ ရေး ကို သူ ပြန်လည်တည်ဆောက် နိုင်ခဲ့ပုံ တို့ ကိုဖော်ပြထားသည်။


အခန်း ၆ တွင် တိုင်းပြည်အတွက် အရေးကြီးသည့် ကဏ္ဍ နှင့် ဖြစ်ရပ်များ ပါရှိပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန် နှင့်ထောက်လှမ်းရေး အဖွဲ့ ၏ မရိုးမသား လုပ်ရပ် များ ကြောင့် တိုင်းပြည် နှင့် လူမျိုး အပေါ်အန္တရယ် ဖြစ်လာ ၍ ဖယ်ရှား လိုက်ရ ပုံ ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ရှမ်းပြည် မှ လက် နက် ကိုင်အချို့ ၏ ကျောထောက် နောက် ခံ ဖြင့် အာဏာသိမ်း ယူရန် ကြံစည် နေသလို ပင် ဖော်ပြထားသည်။

အခန်း ၈ တွင် မူ ရွှေဝါရောင် တော် လှန် ရေး မြန်မာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည် ကို သူပင် မသိရှိလိုက် သလို ရေးဖွဲ့ ထားပြီး ဆန္ဒခံယူ ပွဲ ၊ နာဂစ် လေမုန် တိုင်း ၊ ဒေါ်အောင်ဆန်းစုကြည် အား သူကသဘောထားကြီး စွာ၊ ထောင် မချ ပုံ သဘောထား ကြီးစွာ ဖြင့် ပင် ပြန်လွှတ် ပေးခဲ့ ပုံ တို့ ကို ဖော်ပြထား သည်။


စာအုပ် ၏ အခန်း စီတိုင်း ဉ် အတိုက် အခံ နိုင်ငံ ရေးသမား များ အာဏာလွှဲပေး ချင် သော်လည်းတိုင်းပြည်ကို နိုင်နိုင် နင်းနင်း အုပ် ချုပ် နိုင်စွမ်း ရှိမည့် ပုံ မမြင် သဖြင့် လွှဲချင် သော်လည်း လွှဲမပေးနိုင်ခဲ့ ပုံ တို့ ကို နိုင်ငံ တကာ အခြေ အနေ များ နှုင့် ဆက်စပ် ဖော်ပြထားသည်။


အခန်း ၅ တွင် သူသည် ရံဖန် ရံခါ ရန် ကုန် နှင့် မန္တလေး အပြင် အခြား မြို့ များ ဉ် သူ နှင့် သူ့ ဒရိုင်ဘာတစ်ဦး တည်း မော်တော်ကား ဖြင့် လှည့် လည် ကာ တိုင်းပြည် အခြေ အနေ လေ့လာ ကြာရာ ဉ်  တာမွေ လမ်း ဆုံး တွင် လမ်းကြော မှားယူ မိသသည့် အတွက် အမြန်ယာဉ် ငယ် လိုင်း မှ စပယ် ယာ တစ်ဦးက ကြမ်းတမ်း စွာ ဆဲ ဆိုသွား ပုံ ကို နောင် တွင် သူ ၏ ယာဉ်မောင်း နှင့် ကိုယ်ရေားအရာရှိ က
အရေးယူရန် ပြင်ဆင် ခဲ့သော် လည်း သူ က သဘောထား ကြီးစွာ ထား ပုံ တို့ ကို အသေးစိတ် ရေးဖွဲ့ ထားသည်။


သူကြိုက် နှစ် သက် သည့် ရုပ်ရှင် နှင့် ရုပ်သံ ဇာတ်ကား များ ကို လည်း ထည့် သွင်းဖော်ပြထားပြီးတစ်ချိန် က မြန်မာ့ ရုပ်မြင် သံကြား ဇာတ်လမ်း တွဲ တွင် ပြသခဲ့သည့် အမေရိကန် ရုပ်သံ ဇာတ်လမ်း တွက် Combat နှင့် Saving Private Ryan နှင့် We were soldiers ဇာတ်ကား များ ကိုလည်း နှစ်သက် သည် ဟု ပါရှိသည်။


ဝီကီပီဒီးယား ၀ဘ်ဆိုတ် ကို နှစ်သက် ပြီး ၁၉၉၄ ခုနှစ် ကမ္ဘာ့ ဖလားပွဲ တွင် အသင်း ခေါင်းဆောင်ဘက်ဂီယို ၏ ပယ်နတီ သွင်းဂိုး ချော် ထွက် မှု ကြောင့် အီတလီ အသင်း ဘရာဇီ အသင်း ကို ရှုံးနိမ့်ကာ ဒုတိယ နေရာတွင် ပင် ကျေနပ် လိုက် ရပုံ တို့ ကို သူအမြဲ မျက်စေ့ထဲ တွင် မြင်ယောင်ပြီးသင်ခန်းစာ ယူသည် ဟု ဖော်ပြပါရှိသည်။


အနှစ် ချုပ် တွင် မဟာဗျုဟာ မြောက် အနေအထား တွင် ရှိသည့် မြန်မာ နိုင်ငံမှာ စစ်ရေးအမြင်မရှိသည့် ပုဂ္ဂိုလ် တစ်ယောက် ကို တိုင်းပြည် ခေါင်းဆောင် အဖြစ် တာဝန်ပေး ရန်မှာ လုံးဝ မဖြစ် နိုင်ဟု ကောက် ချက် ဆွဲ ပြီး သုံးသပ် ထားသည်။


ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကိုယ်ရေး အထ္တုပတ္တိမှာ အများ ပြည်သူများ အကြား သို့ မဟုတ် စစ်တပ်တွင်း အရာ ရှိ များ လောက် ပင် ဖတ် ရန် ကန့် သတ် ထား မည် လား ဆိုသည် ကို မူ မည် သူမျှ မသိရှိရသေး ပေ။


သူ့ အား မျိုးချစ် စိတ် ထက်သန် သူ အဖြစ် ၎င်း တိုင်းပြည်ကြီးပွား တိုးတက် အောင် စွမ်းဆောင် သူအဖြစ် ၎င်း ခောတ် မှီ တပ်မတော် အဖြစ် ၎င်း ဖော်ပြထား ခြင်းကြောင့် မျိုးဆက် သစ် အရာရှိ များ ကသူ့ ကို လေးစား အတူ ယူ ရအောင် ဟစ်တလာ ၏ မိန်းကမ့် ( ကျွန်ပ်  ၏ စွန့် စား ခန်းများ) စာအုပ်ကဲ့ သို့  မြန်မာ စစ်တပ် ၏ သမ္မာ ကျမ်းစာ သဖွယ် ဖန် တီး ထား ပြီး နောင် တွင် စစ်တက္ကသိုလ် စသည်
တို့ ဉ် သင်ရိုးညွှန်းတမ်း အဖြစ် အသုံး ပြုရန် ရည် ရွယ် ထား သည် ဟု  စစ်တပ် အရာ ရှိ တစ်ဦးက ထင်မြင် ချက် ပေးသည်။


မြန်မာ နိုင်ငံ တွင်း မှ သတင်း အယ်ဒီတာ တစ်ဦးက မူ တကယ့် အဖြစ် မှန် တွေ ပါရင် တော့ ကောင်းတာပေါ့ သူ့ အကြောင်း ကို ဘယ်သူမှ မသိသေးတော့ သိချင် ကြတယ်။ လိမ်တာ ညာတာ တွေ မပါ ရင်တော့ကမ္ဘာ ကျော် နိုင်တယ် ။ သတင်းစာ လို အလိမ် အညာ တွေ ပဲ လာရင် တော့ ဘယ်သူ့ မှ ဖတ်မှ မဟုတ်ဘူး ဟို သုံးသပ် သည်။


မြန်မာ နိုင်ငံ ရေး အကျဉ်းသား တစ်ဦးက မူ ” ဘန်နီဒစ် ရော်ဂျာ တို့ လို နိုင်ငံခြားသားတွေ ကလည်း အခုသူ့ ရေးတယ်လေ အကြောင်း နိုင်ငံ တကာမှာ နဲ့ ပြည်တွင်း မှာ ပျက် နေတဲ့ သူ့ အင်မေ့ခ်ျ ကို ပြန်ထုဆစ်တာပေါ့ ၊ ထင်တာ က ပြည်တွင်း ရော ပြည်ပမှာ ပါ သူ ဖြန့် မယ် ထင်တယ် ဟု ဆိုသည်။



လက်ရှိ မြန်မာ စစ်တပ် နှင့် အစိုးရ ပိုင်းတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ အာဏာချုပ်ကိုင် ထားခြင်း ရှိမရှိ နှင့် ပတ် သက်ပြီး ငြင်းခုံမှု ပြုကြသည် များ နှင့် ပတ်သက် ပြီး မြန်မာ စစ်ခေါင်းဆောင် ၏ အနေအထားကို နိုင်ငံတကာ ရုပ်ရှင် ဆောင်းပါး များ ရေး သူ ကို ငြိမ်းချမ်းငြိမ်း ကို မေးမြန်း ကြည့်ရာ သူက” ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ အာဏာရှိသေးတယ် မရှိတော့ ဘူး ဆိုတာ ထက်၊ စစ်တပ် က မာဖီးယား ပုံစံ ဖြစ်သွား ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ကတော့ ဂေါ့ဖားသား နေရာ ပါ။  ဒါရိုက်တာ ဖရန်စစ် ဖို့ ကော်ပိုလာ ရဲ့  God Father ရုပ်ရှင် ထဲက Marlon Brando ကြီးလိုပေါ့ ဟုပြောသည်။

သန်းရွှေ ၏ အထ္တုပတ္တိ စာအုပ်အဖြစ် ထုတ်ဝေမည် သန်းရွှေ ၏ အထ္တုပတ္တိ စာအုပ်အဖြစ် ထုတ်ဝေမည် Reviewed by သစ်ထူးလွင် on 18:43 Rating: 5

No comments:

Powered by Blogger.