ထိုင်း-မြန်မာနယ်စပ် နိုပိုး-ဒုက္ခသည်စခန်းသို့ အလည်တခေါက်

Photos from Nu Po and Umpiem Mai in Thailand

၂၁-၀၄-၂၀၁၁               (ထက်အောင်ကျော်)


ဒီခရီးနိးသလား- ၇-နာရီကြာ ကား ၂-ဆင့်စီးရသည်-

          မြန်မာအတိုက်ခံတွေအများစုအခြေစိုက်ရာ မဲဆောက်မြိုရဲ့မြောက်ဖက် ၇-နာရီလောက် လိုင်းကား ၂-ဆင့်စီးပီးသွားရတဲ့ နိုပိုးစခန်းခရီးစဉ်ဟာ ကျနော်အတွက်တောာ့ အသစ်အဆန်း ခရီးတခုပါဘဲ့။ ဒီခရီးလမ်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းအပါဝင် နယ်စပ်တကျောက ဒုက္ခသည် စခန်း တဒါဇင်နီးပါးခန့်ကို လွန်ခဲ့တဲ့ နှစ် ၂၀-ကျော်အတွင်း ကျနော်ရောက်ခဲ့ဖူးပီးဖြစ်ပေမဲ့ နိုပိုး ကိုတော့
ဒါ-ပထမ-ဆုံးခရီးစဉ်ပါ။ အဲဒီမှာရောက်နေတဲ့ ကျနော်တို့မင်းသမီးစခန်းက (တနသာင်္ ရီတိုင်း အခြေစိုက် ABSDF-201-တပ်ရင်းကိုဆိုလိုပါတယ်) ရဲဘော်ဟောင်းတွေအတွက် အ လှူငွေပေးရင်း။ စခန်းအခြေနေကိုလဲ လေ့လာရင်းဆိုပီး ဒီခရီးစဉ်ကို သွားဖို့စိတ်ကူးခဲ့တာပါ။
          မဲဆောက်ကနေ နိုပိုးကို ဘယ်လိုသွားရမလဲ။ ဘယ်သူလိုက်ပို့နိုင်မလဲဆိုပီး မဲဆောက် က ဘော်ဒါတွေဆီအကူညီတောင်းတော့ "-ကမ္ဘာပါတ်နေတဲ့သတင်းထောက်ကြီးကလဲဗျာ-ဘာ မှပူစရာ မလိုဘူး။ လိုင်းကားစီးသွားရင် ရပါတယ်။ အဲဒီကားပေါ်မှာ နိုပိုသွားမဲ့မြန်မာ ဒုက္ခ သည်တွေနဲ့ခင်ဗျားတွေ့လိမ့်မယ်။ ဒီတိုင်းသာ ထ-သွားလိုက်-" ဆိုပီး ကျနော်ရဲ့ ABSDF- ဘော် ဒါတွေ။ ဒုက္ခသည်ခံယူထားသူတွေကပြောပါတယ်။ ပီးတော့ စခန်းထဲကရဲဘော်တွေကို တယ် လီဖုန်းနဲ့ဆက်ပီး အချိတ်အဆက်လုပ်ပေးပါတယ်။ (အဲဒီစခန်းမှာ အင်တာနက်ရပေမဲ့ လက် ကိုင်တယ်လီဖုန်းတော့မရသေး။ စလောင်း-ဖုန်းနဲ့ ဆက်နေရဆဲပါ)
          ဒီလိုနဲ့ မနက် ၇-နာရီခွဲထွက်တဲ့ မဲဆောက်-အုန်းဖျန်- ပထမ-ဆုံး လိုင်းကားကိုမှီုနိုင်ဖို့ မဲ ဆောက်ဈေးထဲ ခပ်စောစောပြေးရပါတယ်။ ဒါပေမဲ့ ၇-နာရီ ၁၀-မီနစ်လောက်ကတည်းက ကား က လူပြည့်နေပီ။ လိုက်ချင်ရင် "-အတွယ်အတာရမယ်။ ခေါင်မိုးပေါ်ထိုင်လိုက်နိုင်ရင် ရမယ်-" လို့ ကားသမားကထိုင်းလိုပြောတာကို ကျနော်ကမြန်မာမှုပြုပီး နားလည်လိုက်ပါတယ်။ လွန်ခဲ့ တဲ့ နှစ် ၂၀-ခန့်ကတော့ ဒါမျီုးတွေကမထူးဆန်း။ အတွယ်အတာတွေရော။ ခေါင်းမိုးပေါ်တွေ ရောလိုက်နေကြ။ ဒါပေမဲ့ အခုတော့ ဥရောပပြန် ကိုရွေ-ဖြစ်နေပီဆိုတော့ လုံခြုံမှု စိတ်မချရတဲ့ ကိစ္စမျိုးဆိုရင် မလုပ်ချင်တော့။ ဒီလိုနဲ့ ၈-နာရီခွဲကားကိုစောင့် လိုက်ရပါတယ်။
          ဒီကားကတော့မဆိုးပါဘူး။ လူသိပ်မပြည့်လှ။ တဖက် ၇-ယောက်စီထိုင်နိုင်တဲ့ ခုံတန်း မှာ ၅-ဦးစီလောက်ဘဲ့ရှိတယ်ဆိုတော့ သက်တောင့်သက်သာသွားရမယ်လို့ထင်ခဲ့ပေါ့။ ဒါပေမဲ့ ကျနော်ထင်သလိုမဟုတ်ခဲ့။ မဲဆောက်အထွက်ကနေ လမ်းတလျောက်တင်လိုက်တဲ့ ခရီးသည် က ၃၀-တောင်ကျော်မလားမသိဘူး။ ခေါင်မိုးပေါ်မှာလဲအပြည့်။ ခုံတန်း ၂-ခုကြားက ကြမ်းပြင် မှာလဲ လူအပြည့်။ ကျနော် ခြေတောက်တွေဘယ်လိုမှလှုပ်မရတော့။ ပိုဆိုးတာက လမ်းခရီးမှာ တက်လာသူအများစုဟာ ဒေသခံကရင်တိုင်းရင်းသားတွေဖြစ်ပီး အဖွားအိုတွေရော။ နိုစို့အရွယ် ကလေးတွေရော။ စုံလိုပါဘဲ့။
နိုင်ငံတကာလူမှုဆက်ဆံရေးဗေဒအရဆိုရင် ကလေးသူငယ်။ အသက်ကြီးသူနဲ့ မသန် မစွမ်းသူတွေကို ဦးပေးရမှာဖြစ်ပေမဲ့ ဒီကားပေါ်မှာတော့ ဒီယဉ်ကျေးမှုအကြောင်း သိသူရှိပုံ မပေါ်သေး။ သက်ကြီးရွယ်အိုတွေ။ ကလေးငယ်တွေ ကားပေါ်တက်လာပေမဲ့ ခုတန်းပေါ်မှာ ထိုင်နေသူတွေက နေရာဖယ်မပေး။ ကလေးတွေ အော်ငိုနေတာကိုတောင် ကရုမစိုက်ကြ။ ဥရောပမှာဆိုရင်တော့ ဒီလိုင်းကားမျိုးဟာ ကလေးငယ်တွေ စီးသင့်တဲ့ကားလို့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်။ ကလေးတွန်းလှည်းလဲမပါကြ။ တကယ်က လိုင်းလတ်ကားကို ဖြစ်သလို ပြင်ပီး လိုင်းကားဆွဲနေတာဆိုတော့ ကလေးတွန်းလှည်းတင် ဖို့နေရာမပြောနဲ့ ကလေးထိုင်ဖို့ နေရာတောင်မရှိ။ ကလေးတွေ အချိန်မရွေးပြုတ်ကျ သေဆုံးနို တဲ့အခြေနေကြီးပါ။
ဒါပေမဲ့ ဒါဟာ ဒီဒေသကလူတွေအဖို့တော့ အထူးအဆန်းဟုတ်ပုံမရ။ ကားသမားကလဲ ဘာမှကရုမစိုက်။ စနစ်တကျလဲနေရာချမပေး။ သူခရီးသည်တွေ လုံခြုံရေးအတွက် သူမှာ တာဝန်ရှိတယ်လို့တောင် အဲဒီကားသမားကနားလည်ထားရဲ့လားမသိပါဘူး။ ကလေး -လူကြီး မရွေးဘဲ ကားပေါ်လူရောက်တာနဲ့ အရှိန်နဲ့ မောင်းထွက်တော့တာပါဘဲ့။ ကံကောင်းတယ်လိုဘဲ့ ဆိုရမလား။ ကျနော်စီးတဲ့ကားပေါ်က တဦးမှပြုတ်ကျမကျန်ခဲ့။ ဒါပေမဲ့ -Safety First-ဆိုပီး ပြောလေ့ရှိတဲ့ ဥရောပပြန် မြန်မာဒုက္ခသည်ကျနော်မျက်လုံးထဲမှာတော့ ကားသမားနဲ့ ခရီးသည် ဆက်ဆံရေးက တမျီုးကြီးပါဘဲ့။ ပီးတော့ ဒါဟာ ထိုင်းတနိုင်ငံလုံးမှာ ဒီလိုဖြစ်နေတာမျီုးလဲ ဟုတ်ပုံမရ။ ဘာကြောင့်လဲဆိုတော့ ဘန်ကောက်မှာ ကျနော်စီးနေကျ မိုးပျံ-ရထားနဲ့ မြေ အောက်ရထားတွေမှာဆိုရင် သက်ကြီးရွယ်အို-ကလေးသူငယ်-မသန်မစွမ်းနဲ့ သံဃာင်္တော်တွေ ကို နေရာပေးရမယ်လို့ စာတန်းနဲ့တောင်သတိပေးထားတာတွေခဲ့ရပါတယ်။ ဒါအပြင် ဘန် ကောက်ကနေ ဖူးခက်။ ချင်းမိုင် စသဖြင့် ခရီးစဥင်္တွေမှာလဲ ဒီလိုမဟုတ်။ ကားသမားက ခရီးသည်တွေကို တလေးတစားဆက်ဆံနေတာမြင်ခဲ့ရပါရဲ့နဲ့ ဘာကြောင့် ဒီနေရာကျမှ ဒီလို ဆက်ဆံနေကြတာလဲ။ မြန်မာနိုင်ငံသားတွေဖြစ်နေလို့ ကားသမားက နှိမ်များ ဆက်ဆံနေတာ လား။ ကျနော်စဉ်းစားနေပေမဲ့ ပြသာနာဖြစ်ရင် ခရီးစဉ်အနှောက်ယှက်ဖြစ်မှာစိုးလို့ ကားသမား ကိုတော့ မမေးဖြစ်ခဲ့။
ဒီလိုစဉ်းစားလို့ကောင်းတုန်း အလယ်ကျောမှာ ဖြစ်သလိုထိုင်ပီးပါလာတဲ့ ခုနက ကရင် ကလေးငယ်တွေက ဥသြဆွဲပီး ဆန်ုပြုတ်တွေထုတ်ပါလေရော။ သူအမေက ကျောကို ထုပေး နေပီး တခြားတဦးက ပလစတစ်အိပ်ထုတ်ပေးနေပါတယ်။ ဒါပေမဲ့ အချိန်မှီမယူလိုက်နိုင်တော့ အဲဒီဆန်ပြုတ်က ကျနော်ခြေတောက်ပေါ်လောင်းချသလိုဖြစ်ခဲ့ပေါ့။ ဒါပေမဲ့ ကျန်တဲ့လူတွေက တော့ ဒါကိုအထူးအဆန်းအဖြစ်မြင်ပုံမရ။ နေ့စဉ်ဖြစ်နေကြဖြစ်စဉ်တခုလို သူတို့ရဲံမျက်နှာပေါ် မှာမြင်နေရပီး ကားသမားကလဲ ဘာမှကရုမစိုက်။ သူကားသူမောင်း-အုန်းဖျံ ဒုက္ခသည်စခန်း အနီးက လိုင်းကားတွေရ့ပ်နားရာ စားသောက်ဆိုင်တန်းရောက်တဲ့အထိပါဘဲ့။
မြင်မြင်သမျှ အထူးအဆန်းလိုဖြစ်နေတဲ့ ဥရောပမဲဇာပြန် ကျနော်ဟာလဲ ကြာလာတော့ လဲ ခံနိုင်ရည်နဲ့ဝပေါ့။ အမိုး-မူးနော်-နဲ့ ဖိုးသခွါးတွေကို ဟာလားဂေ-၀ါးလားဂေ-လုပ်။ ထိုင်း တွေကို ဆ၀ါဒီခပ်-လုပ်ပီး မိတ်ဖွဲ့ရပါတယ်။ ကားပေါ်မှာပါလာသူတွေထဲမှာ ထိုင်းနဲ့ ကရင်ကလွဲ ရင် ကျနော်လို နိုပိုးစခန်းသွားမဲ့လူ တဦးမှမတွေ့။ ဒါပေမဲ့ မြန်မာစကားပြော ထိုင်း-ကရင် ၂-ဦး နဲ့ ဒုက္ခသည်စခန်းထဲခိုးဝင်ဖို့ အသစ်ခေါ်လာပုံရတဲ့ လူသစ် ၂-ဦးကိုတော့ ကျနော်သတိထားမိ ပါတယ်။ ဒီလူ ၄-ဦးစလုံးဟာ မဲဆောက်မြိုပြင် ရွာတရွာကနေ ကားပေါ်တက်လာတာဖြစ်ပီး လမ်းတလျောက်က ရဲဂိတ်တွေရောက်တိုင်း ရဲကိုငွေဆင်းပေးနေတာလဲ ကျနော်မြင်ခဲ့ရပါ တယ်။ တဂိတ်ကို တယောက်အတွက် ၃၀၀-ပေးရတယ်လို့ လူပွဲစားလို့ထင်ရတဲ့ မြန်မာစကား ပြောကရင်အမျီုးက သူဘေးကလူတွေကိုပြောပြနေပါတယ်။ ဒီလူငယ် ၂-ဦး မဲဆောက်ကနေ အုန်းဖျန်စခန်းအရောက်ပို့နိုင်ရင် သူအတွက် ဘယ်လောက်ရသလဲဆိုတာကိုတော့ မမေးသင့် ဘူး။ မေးလိုက်ရင် ကျနော်ကိုသတင်းထောက်မှန်းသိသွားမှားစိုးတာနဲ့ ဒီတိုင်းဘဲ့နေခဲ့လိုက်ပါ တယ်။ ဒီလိုနဲ့ သူတို့ ၄-ဦးအပါဝင် အလယ်ကျောက ကရင်မိးသားစုအားလုံးနီးပါး အုန်းဖျန် ဒုက္ခသည်စခန်းနဲ့ စခန်းအလျွန်မှာ အားလုံးဆင်းသွားပါတော့တယ်။


ဒုက္ခသည်စခန်းနဲ့ သဘာဝ-အလှ ဘယ်လိုမှ ဆက်စပ်လို့မရ-

        -၁၂-ပေ။ ၅-ပေ- ပါတ်လည် လိုင်းကားပေါ်မှာ ဒုက္ခမျီုးစုံနဲ့ကြုံနေရပေမဲ့ ဒီဒုက္ခတွေကို ကျော်ပီး ကားအပြင်ဖက်ကြည့်လိုက်မယ်ဆိုရင်တော့ ကားတွင်းမှာဖြစ်ပျက်နေတာနဲ့ ကားပြင်ပ က သဘာဝ-အလှက ဘာမှမဆိုင်။ မဲဆောက်နေ တနာရီလောက်မောင်းပီးကတည်းက တောင်ပေါ်တက်လာတာကို ကျနော်သတိထားမိလိုက်ပီး အပူရှိန်လဲ နဲနဲလျော့ကျသွားတာကို သတိပြုမိပါတယ်။ တောင်ကျောတလျောက်ဖေါက်ထားတဲ့ကားလမ်းတလျောက် ပြေးနေတဲ့ လိုင်းကားပေါ်ကနေ ဟိုငေး-ဒီငေး-လုပ်ရင်းနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေ။ လှပတဲ့တောင် တန်းတွေ။ သစ်ပင်မျီုးစုံတွေ။ တိမ်တိုက်တွေ။ ကျေးငှက်မျီုးစုံကိုမြင်ခဲ့ရပါတယ်။
          တကယ်တန်းပြောမယ်ဆိုရင် မဲဆောက်နဲ့ ဒုက္ခသည်စခန်းတွေကြားမှာ ဒီလောက် လှပတဲ့ သဘာဝရှုခင်းမျီုးမြင်ရလိမ့်မယ်လို့ ကျနော်ထင်မထားခဲ့။ ၁၉၉၈-၉၉ အုန်းဖျန်စခန်း ဆောက်ခါစက သတင်းယူဖို့ကျနော်တခေါက်ရောက်ခဲ့ဖူးပေမဲ့ ဒီလိုသဘာဝ-အလှကို မခံစား ဖြစ်ခဲ့။ တောထဲက ထွက်ကာစ သူပုန်လူထွက်မို့ တောအလှကိုမခံစားတတ်တာလား။ ဥရောပ ရောက်ပီးမှဘဲ သဘာဝ-အလှကိုပိုခံစားတတ်လာတာလား။ ဒီလိုစဉ်းစားရင်းနဲ့ လိုင်းကားက အုန်းဖျန်ဒုက္ခသည် စခန်းကိုကျော်လာပီး နောက်တကြိမ် တောင်ပေါ်ပြန်တက်ပြန်ပါတယ်။ ခရီးသည်နဲသွားလို့ နဲနဲ လွတ်လွတ်လပ်လပ်ကြည့်ခွင့်ရလို့လားတော့မသိဘူး။ အုန်းဖျန်ခစန်း အလွန်တောင်တန်းက အုန်းဖျန်မရောက်ခင်တောင်ထက် ပိုလှတယ်လို့ ကျနော်စိတ်ထဲခံစားမိ ပါတယ်။
          ဥရောပမှာတွေ့လေ့ရှိတဲ့ ထင်းရူးပင်တချီု့ကိုပါ ဒီတောင်မှာတွေ့ရပီး တောင်တလုံးပီး တလုံး အနိမ်-အမြင့်တန်းစီမြင်နေရတဲ့မြင်ကွင်း။ အဖူး-အပွင့်-ရောင်စုံလှပနေတဲ့ စိမ်းစိမ်းစိုစို သစ်ပင်အုပ်တွေ။ အဲဒီတောင်တန်းနဲ့ သစ်ပင်တွေကြားမှာ ပေါ်လာလိုက်-ပျောက်သွားလိုက် မြင်နေရတဲ့ အကွေ့အကောက်ကားလမ်းဟာ တကယ့်အံ့မခန်းမြင်ကွင်းပါဘဲ့။  ဒီလောက်လှပ တဲ့ သဘာဝရှုခင်း တွေကြား ဘယ်လိုလုပ် မျက်စိလည်လမ်းမှားပီး ဒုက္ခသည်စခန်း ၂-ခုရောက် နေတာလဲဆိုတာ ကိုစဉ်းစားရင်းနဲ့ ညနေ ၄-နာရီလောက်မှာ နိုပိုးစခန်းဆီကျနော်ရောက်ရှိ လာ ခဲ့ ပါတယ်။
(နောက်ပိုင်းမှ ကျနော်သိခွင့်ရခဲ့တာကတော့ ဒီကားလမ်းဟာ ကမ္ဘလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့နေရာ တခုဖြစ်ပီး အုန်းဖျန်မြိုအလွန်မှာ အလွန်လှပကျော်ကြားတဲ့ သီးလောစူး-ရေတံခွန်- www. theelorsuriverside.com ဆိုတာရှိပါတယ်။ ဒုက္ခသည်စခန်းထဲကလူတွေ တောင် ကျနော်ရောက်နေတဲ့နေ့မှ ကားစင်းလုံးငှားပီး အဲဒီရေတံခွန်ဆီသွားလည်တာကိုလဲ မြင်ခဲ့ရပါတယ်)

          နိုပိုးဟာ ဒုက္ခသည်ခစန်းလား---တောမြိုလေးတမြိုလေလား

        နိုပိုးစခန်းဝင်ခါနီးမှာ စစ်တပ်ဂိတ်တခုရှိပြီး အဲဒီမှာ ပါသမျှလူတွေကို အစစ်ဆေး လုပ်ပါ တယ်။ အုန်းဖျန်မြိုအ၀င် လိုင်းကားပြောင်းကတည်းက ပါလာတဲ့ လူအတော်များများ ဒီနေရာ မှာ ဆင်းသွားတာတွေ့ရပီး အမျီုးသမီး ၄-၅-ဦးလောက်နဲ့ ကျနော်ဘဲ့ ကားပေါ်မှာကျန်ပါတော့ တယ်။ ဒီလိုနဲ့ကားဆက်မောင်းလာပီး ရွာကြီးတရွာရဲ့ထိပ်မှာ အဲဒီအမျီုးသမီးတွေကဆင်းသွားပါ တယ်။ "-ဒါက ဘာရွာလဲအနော။ နိုပိုးကဘယ်လောက်ဝေးသေးလဲ-" ဆိုပီး ကျနော်က ကရင် တပိုင်း ဗမာ-တပိုင်းနဲ့မေးလိုက်တော့ "- ဒါ-နိုပိုးရောက်နေပီလေ။ နင်က ဘယ်ရပ်ကွက်ကို သွားမှာလဲ။ ဒီမှာဆင်းမှာလာ့း-" ဆိုပီး အဲဒီအမျီုးသမီးတွေကပြောပါတယ်။
          အဲဒီတော့မှ ကျနော်လဲ -နိုပိုဒုက္ခသည်ခစန်းဆိုတာ ထိုင်းရွာတရွာလိုပါဘဲ့လား။ ငါ့လူ တွေကော ဒီရွာထဲမှာနေတာဟုတ်ရဲံ့လား- ဆိုပီး သံသယတ၀က်နဲ့ကားပေါ်ကဆင်းလာပါတယ် ။ ဒီမှာမဆင်းရင်လဲ ဘယ်မှဆင်းရမှန်းကျနော်မသိ။ မဲဆောက်က ဘော်ဒါတွေအလွယ်လေး ပြောလိုက်သလို မဲဆောက်-နိုပိုးလမ်းတလျောက်မှာလဲ ဒုက္ခသည်တဦးမှမတွေ့ဘဲ တကိုယ် တော်ခရီးနှင်လာရတော့ စိတ်ကလဲ နဲနဲ ကျွဲမြီးတိုစပြုနေပါပီ။
-နင်က ဘယ်ရပ်ကွက်ကိုသွားမှာလဲ။ ငါတို့ရပ်ကွက်ထဲကိုဘဲ့လား- ဆိုပီး အဲဒီကရင် အမျီုးသမီးတွေကထပ်မေးတော့ ကျနော်လဲ မဖြေတတ်။ -စခန်းအ၀င်မှာ သူတို့ခင်ဗျားကို စောင့်နေ လိမ့်မယ်-ဆိုတဲ့ စကားတလုံးနဲ့လာတဲ့ကျနော်က ကိုယ်လူတွေ ဘယ်ရပ်ကွက်မှာ နေသလဲ။ တကယ်တန်းပြောမယ်ဆိုရင် ဒုက္ခသည်စခန်းမှာ ရပ်ကွက်ရှိမှန်းလဲ ကျနော်မသိခဲ့။ ဒီလိုမတင် မကျဖြစ်နေစဉ်မှာ ကားကမောင်းထွက်ဖို့ပြင်တော့ ကျနော်ဆက်လိုက်သွားပါတယ်။ ၃-မီနစ် လောက်အကြာမှာတော့ ကိုယ်လူတွေထိုင်စောင့်နေတဲ့ ကျောင်းသားနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ သတင်းသုံးရာ ရပ်ကွက်။ ကားလမ်းဘေးတလျောက်မှာ ဘုန်းကြီး ကျောင်း ၄-ကျောင်းလောက်တန်းစီဆောက်ထားတဲ့ ဟိုဖက်အစွန် ရပ်ကွက်ကိုဆိုက်ရောက်ခဲ့ ပါတယ်။
အဲဒီအချိန်ထိ နိုပိုးဒုက္ခသည်ခစန်းကိုရောက်ပီလို့ ကျနော်ကမထင်သေး။ ဒုက္ခသည် စခန်းဆီသွားရမဲ့လမ်းက တဆင့်ခံထိုင်းရွာတရွာလို့ ထင်နေဆဲ။ ဒီလိုနဲ့ ကားလမ်းဘေးက ခြံတ ခါးကိုကျော်ပီးဝင်လိုက်တော့ -ဒေါင်းမာန်ဟုန်-ဆိုတဲ့ သက်ကယ်မိုး။ ၀ါးထရံကာ မူကြိုကျောင်း ကြို့မင်ရပါတယ်။ အဲဒီရဲံ့ မျက်နှာချင်းဆိုင်မှာတော့ တနာရီ ဘတ် ၂၀-နဲ့ ကော်ဖီပါရမယ်လို့ ကြော်ငြာစာရွက်ကပ်ထားတဲ့ အင်တာနက် ကဖေး။ ရှေ့ ၅-လှမ်းလောက်ဆက်လျောက်တော့ ပန်းထိမ် ခတ်နေတဲ့ ထားဝယ်က ကျနော်သူငယ်ချင်းညီတဦးရဲံဆိုင်-(အိမ်)ကိုတွေ့လိုက် ရပါ တယ်။ ဘယ်ကွေ့။ ညာရှောင်-လုပ်ပ်ီး နဲနဲဆက်လျောက်တော့ ကျနော်တို့စခန်းက ရဲဘော်တချီု့ နဲ့ ဗမာလိုပြောပီး ဆော့ကစားနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေးအများဆုံးဖြစ်လာ နေ တဲ့ ကလေးငယ်တွေကိုမြင်ခဲ့ရပါတယ်။ ဒီတော့မှာဘဲ့ ဒါဟာ ထိုင်းရွာမဟုတ်ဘူး။ နိုပိုးဒုက္ခ သည် စခန်းဆိုတာကို လက်ခံလိုက်ရပါတယ်။

ဒုက္ခသည်စခန်းမှာလဲ China Town ရှိလား

နိုပိုးဟာ ဒုက္ခသည်စခန်းဆိုပေမဲ့ ကျနော်ရောက်ဖူးတဲ့ အုန်းဖျန်နဲ့မယ်လအပါဝင် တောင်ပိုင်းက ထန်ဟင်တို့။ ဘန်တောင်ယန်းတို့လိုမဟုတ်။ သစ်ပင်ကြီးတွေရှိပီး အင်ဖက်မိုး -၀ါးထရံကာ။ ၀ါးကြမ်းခင်းအိမ်တွေဖြစ်နေလို့ အပူဒန်သိပ်မပြင်း။ လွန်ခဲ့တဲ့ နှစ် ၂၀-ကျော်က မင်းသမီးစခန်းမှာ အတူနေခဲ့ဖူးတဲ့ ရဲဘော်တဦးရဲ့အိမ်မှာ ကျနော်ကိုနေရာချပေးပါတယ်။ သူ့ အိမ်က တခြားလူဆီကတဆင့်ဝယ်ထားတာ ဘတ် ၃-ထောင်လောက်ပေးရတယ်လို့ ဆိုပါ တယ်။ ပေ ၂၀။ ၁၈-ပေ ပါတ်လည်လောက်ရှိမယ်လို့မှန်းဆရပီး အိမ်ရှေ့မှာ ဘုရားစဉ်နဲ့ ဧည့်ခန်း။ ပီးတော့ အိပ်ခန်း။ အောက်မှာတော့ မီးဖိုးချောင်နဲ့ အိမ်သာ-(ရေလောင်းအိပ်ကို အသေ ချာလုပ်ထား) ရေချိးခန်းတွေကို တွေ့ရပါတယ်။ ညဖက်မှာ ၁၀-နာရီလောက်အထိ မီးလားပီး ရေကိုလဲ အချိန်အကန့်အသတ်နဲ့ ပေးထားတဲ့အတွက် တချိန်က ကျနော်နေခဲ့ဖူးတဲ့ ထန်ဟင်ဒုက္ခသည်စခန်း။ တောတဲက ကျောင်းသား စခန်းတွေနဲ့တော့ တခြားစီပါဘဲ့။ (အဲ ဒါပေမဲ့ အယင်က ကျောင်းသားဒုက္ခသည်စခန်းအဖြစ်နာမည်ကြီးခဲ့တဲ့ ရတ်ချပူရီက မနီလွိုင် စခန်းအဆင့်ကိုတော့ ဘယ်လိုမှမမှီသေးပါ။ နယ်စပ်ဒုကခသည်စခန်းတွေထဲမှာတော့ အခြေ ကောင်းတဲ့စခန်းတခုလို့ဆိုနိုင်ပါတယ်)
အထုတ်အပိုးတွေကိုနေရာချပီးတော့ စခန်းတပါတ်လောက် ကျနော်ကိုလိုက်ပြမယ်လို့ ရဲဘော်တွေကပြောပါတယ်။ လုပ်ပါဦး- ကြည့်ရတာပေါ့။ ဓါတ်ပုံကောရိုက်လို့်ရလား- ဆိုပီး လမ်းကြိုလမ်းကြား- (တကယ်ကတော့ လမ်းကြိုလမ်းကြားမဟုတ်ပါ။ ဒုက္ခသည်စခန်းရဲ့လမ်း တွေကိုက လမ်းကျဉ်းလေးတွေဖြစ်နေတာပါ) လျောက်ပါတ်ကြည့်ဖြစ်ပါတယ်။ အင်းယားကန် လို့ သူတိုတတွေနောက်ပြောင်ခေါ်ဝေါ်တဲ့ ညစ်ပတ်ပေရေနေတဲ့ ရေအိုင်ကြီးအလွန်မှာ ကျနော် တို့ဆီက ရဲဘော်တဦးဖွင့်ထားတဲ့ -ဘိတ်သားလေး-ကွမ်းယာ-ဆိုင်ဆိုပီးတွေ့ပါတယ်။ ဘေးမှာ တော့ လဖက်ရည်ဆိုင်။ ဘိတ်-ကပ်ကျေးကိုက်နဲ့ မြန်မာစားစရာမျီုးစုံရမယ်။ မြန်မာသီးချင်း။ မြန်မာဗွီစီဒီ-မြန်မာတီဗွီ-တွေနဲ့ တကယ်ကို မြန်မာပြည် ကိုရောက်နေတဲ့အတိုင်းပါဘဲ့။ ပလ စတစ် ခုံပုလေးတွေပေါ်မှာထိုင်ရတာကိုက ကျနော်အဖို့တော့ အသစ်အဆန်းပါဘဲ့။ အဲဒီဆိုင် ကို ကျော်ပီး နဲနဲဆက်လျောက်တော့ -ဒုက္ခသည်စခန်းတွင်း ဆောက်လုပ်ရေးကန်ထရိုက်တာ ဖြစ်နေတဲ့ ကျနော်တို့ရဲဘော်တဦးကိုထပ်တွေ့ပါတယ်။ သူတာဝန်ယူဆောက်ပေးနေတဲ့အိမ်က သစ်သားတိုင်။ ကွန်ကရစ်ရေချိုးခန်းနဲ့ဆိုတော့ ၅-သောင်းကျော်တန်သတဲ့။
ခေါတ်သစ်ဒုက္ခသည်တွေကိုမြင်ပီး အထူးအဆန်းဖြစ်နေတဲ့ကျနော်ကို နောက်ထပ် အထူးအဆန်းဖြစ်စေတဲ့ စကားတခွန်းကတော့-- "-သတင်းထောက်ကြီး တရုတ်တန်းကိုကော သွားလည်ချင်သလား။ ခင်ဗျားတွေ့ရင် ဖျားသွားမယ်-" ဆိုတဲ့စကားပါ။ ဒုက္ခသည်စခန်းပါဆိုမှ ဘယ်လိုလုပ် တရုတ်တန်းရှိမလဲ။ ဒီကောင်တွေနောက်နေတာဘဲ့လို့ကျနော်ကထင်ပီး - လျောက်ရွှီးမနေနဲ့။ နေမ၀င်ခင် သွားလို့ရသလောက် ဆက်သွားလည်ရအောင်ဆိုပီး ကျောက် တောင်ကြီးတလုံးကိုမြင်နေရတဲ့ ဂိုဒေါင်နဲ့ ဘောလုံးကွင်းရှိရာမြေနိမ့်အရပ်ဆီ ဆင်းလာခဲ့ပါ တယ်။ ကျောက်တောင်ကြီးနားရောက်တော့ နေရာကအကျယ်ကြီး။ ဘောလုံးကွင်း။ စတိတ် စင်နဲ့ သစ်ပင်အုပ်တွေရှိရ်အရပ်ဖက်ကနေ လူတချီု့ အထုပ်အပိုးတွေနဲ့လမ်းလျောက်ဝင်လာနေ တာမြင်နေရပါတယ်။
အဲဒီဘောလုံးကွင်းကနေ ဘယ်ဖက်ကိုကွေ့ပီးဝင်လိုက်တာနဲ့---"သတင်းထောက်ကြီး ဟိုမှာတွေ့လား-ဆိုင်တန်းတွေ။ အဲဒါ ကျနော်ပြောတဲ့ တရုတ်တန်းဘဲ့-"- ဆိုပီး ကျနော်ဘော်ဒါ တွေက ရည်ပီးပြောပါတယ်။ အဲဒီတော့မှ ကျနော်လဲသဘောပေါက်ပီး -ကုလားတန်းကို တရုတ်တန်းလို့ နောက်ပြောနေမှန်း သိလိုက်ပါတယ်။ ပြောမယ်ဆိုလဲပြောစရာပါဘဲ့။ သက် ကယ်မိုး။ ၀ါးထရံကာဆိုင်တန်းတွေဆိုပေမဲ့ အထဲမှာရောင်းချနေတဲ့ပစည်းတွေကတော့ မဲ ဆောက်ဈေးထက်တောင် ပိုစုံဦးမလားဘဲ့။ ကုန်စုံ။ ကုန်ချောက်။ အ၀တ်ထည်။ အိမ်သုံးပစည်း။ အချိုရည်။ ကလေးကစားစရာ စသဖြင့် စုံနေတာပါဘဲ့။ ကုန်စုံဆိုင်တွေကြားက လဖက်ရည် ဆိုင်ဆိုလဲ ဒိလိုပါဘဲ့။ မဲဆောက်မှာ ကျနော်ထိုင်ခဲ့ဖူးတဲ့ ဗိုလ်ကျောက်။ ကိုဖိုးထူး-တို့ဆိုင်ထက် ပိုကြီးပြီး ပစ္စည်းပိုစုံလေမလားပါဘဲ့။ ကျနော်စိတ်ထဲ ဒုက္ခသည်စခန်းရောက်နေတယ်လို့ မထင် ဘဲ တချိန်က နာမည်ကြီးခဲ့တဲ့ (မာနယ်ပုလော-ဒေါင်းဂွင်ခေါတ်ကောင်းစဉ်က ထင်ရှားခဲ့တဲ့-) စော်လဲထ-ဈေးတန်းများရောက်နေသလားလို့ ခံစားမိပါတယ်။
တရုတ်တန်း။ အဲ- အဲဒီဆိုင်တန်းတွေကနေ ဘယ်ဖက်ပြန်ကွေ့တဲ့အခါမှာတော့ ခရစ် ယန်ဘုရားကျောင်း။ မွတ်ဆလင်ဘုရားကျောင်းတွေကိုတွေ့ရပီး -ပလ-ရုံးလို့ သူတို့ခေါ်ကြတဲ့ စခန်းအုပ်ချုပ် ရေးမှုးရုံးရှေ့ကိုရောက်ပါတယ်။ ဥရောပသမဂ-မှကူညီသည်။ ဘယ်အဖွဲ့မှကူညီ သည်ဆိုတဲ့ စာတန်းတွေကိုမြင်ရပီး မွန်ဘုန်းကြီးကျောင်းတခုကိုလဲ သားသားနားနားဆောက် ထား တာတွေ့ရပါတယ်။ ဒီဖက်မှာ ကျယ်ပြန်တဲ့ မြေညီလမ်းကိုတွေ့ရပီး ကားတွေ။ ဆိုင်ကယ် တွေလဲ သွားလာနေတာ တွေရပါတယ်။
ပထမ-တော့ ပစ္စည်းလာပို့တဲ့ ထိုင်းကားတွေ။ ဆိုင်ကယ်တွေလို့ထင်ခဲ့ပေမဲ့ တကယ်က တော့ ဒုက္ခသည်တွေပိုင်တဲ့ ကားတွေ။ ဆိုင်ကယ်တွေဆိုတာကိုနောက်မှ သိခဲ့ရပါတယ်။ ထူး ခြားတာကတော ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့ အသားဖြူဖြူ- (ဒုက္ခသည်ရုပ်မပေါက်ဘဲ ထိုင်း ကုန်သည်တွေလို့ ကျနော်ထင်ခဲ့သူ) ဇနီးမောင်နှံ ၂-ဦးက သူတို့ရဲ့သမီးလေးကိုလက်ဆွဲပီး- "ဒီဆရာက ဒီဗွီဘီ-က မို့လား။ ကျမ-မြင်ဖူးပါတယ်-" လို့ ကျနော်ကိုမိတ်ဆက်လာပါတယ်။ ကျနော်လဲ ကျနောမထင်ထားသူတွေက ကျနော်ကိုသိနေပီး ကျနော်ထင်ထားသူတွေက ကျ နော်ကိုမမြင်ဘူးတဲ့အတွက် နဲနဲတော့ စိတ်ထဲကသိကအောင့်ဖြစ်မိပါတယ်။ ဒီလိုနဲ့ သာ ကြောင်း-မာကြောင်း တာဝန်ကျေပြောပီး ပြန်လာတော့-  ''-အဲဒါ ကိုးရီယားပြန်။ ဂျပန်ပြန်တွေ လေဗျာ- အဲလိုလူတွေ ဒီမှာအများ ကြီးဘဲ့-" ဆိုပီး ကျနော်ဘော်ဒါတွေကပြောပါတယ်။


အယ်လ်ကိုဟော သိပ်များတယ်- ရဲမင်းပိုင်-ကုန်းပေါ်တက်နိုင်ပါ့မလား-

မိုးမချုပ်ခင် အချိန်ရသလောက် စခန်းကိုပါတ်ပီး ညနေ ၆-နာရီလောက်မှာတော့ ကျနော့်ရဲဘော်ဟောင်းတွေနဲ့ စုဆုံစကားပြောဖို့ပြင်ပါတယ်။ မင်းသမီးခစန်းရော။ တခြားဒုက္ခ သည်တပိုင်း သူပုန်တပိုင်းကာလတွေမှာတုန်းကရောဆိုရင် ဒီလိုမျီုးပွဲဟာ ရေနွေးကြမ်းနဲ့ ၂-ပါးသွားတဲ့ဟာမျီုး။ အလွန်ဆုံးအဆင်ပြေလှ သရီးအင်ဝမ်း-ကော်ဖီနဲ့ သွားရတာမျိုးပါ။ ဒါပေမဲ့ ဒီမှာတော့ အဲဒီခေါတ်ကိုလွန်ခဲ့ပီ။ ခုနက ကျနော်စီးလာတဲ့ လိုင်းကားပြေးတဲ့ ကားလမ်းမရဲ့ ဟိုဖက်ကဆိုင်ထဲဝင်လိုက်တာနဲ့ ယမကာအစုံရမယ်။ (ဒုက္ခသည်စခန်းထဲကဆိုင်တွေမှာတော့ အလ်ကိုဟော ရောင်းခွင့်မပြုပါ) စိုင်ထုံ-လေးနဲ့ဆွဲလားပီး ကိုယ်အိမ်မှာကိုယ်သောက်ရင် အား လုံး အိုကေပါတယ်တဲ့။ ရပ်ကွက်မှုးအဖြစ်တာဝန်ယူထားတဲ့ ကျနော်တို့ရဲ့ ရဲဘော်ကြီး ၂-ဦးရဲ့ အာမံချက်အရ ဟောင်ထောင်-တလုံးနဲ့ ဘီယာချန်း တဒါဇင်-ကိုခင်ကျင်းပီး စကားဝိုင်းကို ဖွင့် လှစ်လိုက်ပါတယ်။
"-ကျနော်တို့လဲ ၆-လထင်ပီးဝင်လာတာ အခု ၆-နှစ်ပြည့်တော့မယ်။ စိတ်ကတော့ ညစ် သလားမမေးနဲ့ ဟိုမှာုခြံစည်းရုံးခန့်ထားတဲ့ ပုလင်းခွံတွေကိုသာ ကြည့်ပေတော့-" လို့ ရဲဘော် တဦးက အရက်ခွက်ကိုမရင်း။ ပန်းပင်လေးတွေကိုခြံစည်းရုံးလိုကာထားတဲ့ အရက်ပုလင်း ဟောင်းတွေကုလက်ညိုးထိုးရင်း ပြောပါတယ်။ ''-စောင့်ရင်းနဲ့ သေသွားတဲ့လူတွေလဲအများ ကြီး။ တချီု့လဲ စောင့်ရတာကြာလွန်းလို့ အမြဲတန်းပေါက်ကွဲနေတာ။ အဲဒီလူတွေနဲ့ဆို အရက် တောင် တူတူမသောက်ရဘူး-'' လို့ နောက်ရဲဘော်တဦးကပြောပါတယ်။ ကျနော်လဲ ဒီအချိန် ကြီး အင်တာဗျုးလုပ်- ဗီဒီယို-ရိုက်ဖို့ကလဲ မီးအားကမကောင်းလို့ မနက်ကျမှထပ်တွေ့မယ်လို့ နှုတ်ဆက်ပီး တကျီကျီ-မြည်နေတဲ့ ၀ါးကြမ်းခင်းပေါ် ခပ်စောစော အိပ်ရာဝင်ခဲ့ပါတယ်။
နောက်တနေ့မနက် နေထွက်ချိန်မှာ စခန်းကိုအဝေးပုံရိုက်ချင်လို့ အပေါ်ကနေစီးမြင်ရ တဲ့နေရာမျိုးရှိသလားဆိုပီး ကျနော်ကမေးတော့ -"အဲဒါဆို ခင်ဗျား။ ရဲမင်းပိုင်တောင်ပေါ် တက်- ကျနော်လိုက်ပို့မယ်-" ဆိုပီး သူကြီးလို့အများကခေါ်ကြတဲ့ ရပ်ကွက်မှုးက ကျနော်ကို ပြောပါတယ်။ "-ဘာလဲဗျ။ ရဲမင်းပိုင်တောင်ကုန်း။ ရဲမင်းပိုင်က ဒီမှာဖိုက်တင်ခန်းလာရိုက်ဖူးလို့ လား-" ဆိုပီး ကျနော်ကမေးတော့ သူတို့က ၀ိုင်းဟားကြပါတယ်။ "-ရဲမင်းပိုင် တရားထိုင်တဲ့ ကုန်းဗျ။ ခင်ဗျားကလဲ ကျနော်တို့စခန်းကို အထင်မစမောနဲ့လေ။ ရုပ်ရှင်မင်းသားတောင် ဒီ စခန်းကနေထွက်ပီး အမေရိကန်လား။ သြစီလားရောက်သွားတာ တနှစ်ကျော်ရောပေါ့-" ဆိုပီး ရှင်းပြတော့မှဘဲ့ ကျနော်လဲ -သြော်- လိုက်ခဲ့ရပါတယ်။ တကယ်က အဲဒီကုန်းက သိပ်မဝေး ဘူး။ သူကြီးတို့ရပ်ကွက်ကနေ ကားလမ်းကိုကျော်  ၅-မီနစ်လောက် လမ်းလျောက် လိုက်ရင် ရောက်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပေါ်ရောက်တော့လဲ စခန်းကို ကောင်းကောင်းမမြင်ခဲ့ရပါ။ (နိုပိုးက အုန်းဖျန်စခန်းလို ဓါတ်ပုံရိုက်လို့မကောင်းပါ။ အုန်းဖျန်းက တောင်နံရံမှာဆောက်ထား လို့ လမ်းဘေးကနေ အားလုံးမြင် နေရပါတယ်)


အပြန်လမ်း-တတိယနိုင်ငံနဲ့- ရွေရောင်အိမ်မက်များ

နိုပိုးကနေ မဲဆောက်ကို (အုန်းဖျန်မှာ တဆင့်ပြောင်းစီးရတဲ့ကား) အစောဆုံးထွက်တဲ့ ကားက မနက် ၇-နာရီ။ အများစုကတော့ ၈-နာရီကားနဲ့သွားကြတယ်လို့ဆိုပါတယ်။ ကျနော်က တော့ ရောက်တုန်းရောက်ခိုက် ဗွီဒီယို-Footage လေးယူဦးမှဆိုပီး ဟိုမေး-ဒီဖြူးလုပ်နေတဲ့ အပြင် ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုကိုလဲ သွားလိုက်သေးတဲ့အတွက် ၁၁-နာရီကားနဲ့မှ ပြန်နိုင် ခဲ့ပါတယ်။ ဟိုမေး-ဒီမေး မေးတဲ့ထဲမှာ တနေ့-တနေ့ ခင်ဗျားတို့ ဘာတွေလုပ်ကြသလဲ။ ဒီအိမ် တွေ။ ဆိုင်တွေဝယ်ဖို့-စားဖို့သောက်ဖို့ ဘယ်ကပစ်ဆံရလဲဆိုတဲ့ မေးခွန်းတွေပါဝင်ပါတယ်။ ခုန က တရုတ်တန်းနဲ့ ကိုရီးယားတန်းကိုသွားမေးတာမျီုးတော့မဟုတ်ဘဲ ကိုယ့်ရဲဘော်ဟောင်း တွေကိုဘဲ့မေးဖြစ်ခဲ့တာမျီုးပါ။
"-ဒီမှာကတော့ အမျိုးမျီုးပေါ့ဗျာ။ မင်းသမီးစခန်းမှာနေသလိုနေရင်တော့ ထမင်းငါတ်မှာ ပေါ့။ ကျနော်ဆိုကလေးတောင် ၄-ယောက်ရှိနေပီ။ ကျောင်းစရိတ်ကလဲခင်ဗျားသိတဲ့အတိုင်း ဘဲ-" ဆိုပီး ရဲဘော်တဦးက အပျိုအရွယ်ရောက်စပြုနေပီဖြစ်တဲ့ သူ့သမီးငယ်ကိုလက်ညှိုးထိုးပိး ကျနော်ကိုပြောပြနေပါတယ်။ ဒီအတွက် သူ့ရဲံဖြေရှင်းနည်းကတော့ ၂-လုံးထီးရောင်းပီး တနေ့ တရာလောက်ရအောင်ရှာရတယ်လို့ဆိုပါတယ်။ ခုနက ဘိတ်သားလေးကွမ်းယာကလဲ အ တော် ရောင်းရတယ်လို့ဆိုပါတယ်။ နောက်တခါ ကန်ထရိုက်တာလဲ လက်မလည်ဘူးလို့ ဆိုပါ တယ်။ နောက်တယောက်ကတော့ ဂိုဒေါင်လုံခြုံရေးအတွက်တာဝန်ယူပေးရပီး အဲဒီအတွက် သင့်တင့်တဲ့ထောက်ပံ့ကြေးရတယ်လို့ဆိုပါတယ်။ နောက် ၂-ယောက်ကတော့ TBBC- ရဲ့ စခန်း တွင်းအချိန်ပိုင်းဝန်ထမ်းတွေဖြစ်ပီး အဲဒီကရတဲ့ထောက်ပံငွေလေးနဲ့ ကလေးတွေကို ကျောင်း ထား။ တနေ့ ၂-နပ် ထမင်းပုံမှန်စားနိုင်ဖို့ ကျီုးစားနေရတယ်လို့ ကျနော်ကိုရှင်းပြကြတယ်။ အဲ-နောက်တဦးကတော့ ထူးထူးခြားခြား ဒီစခန်းထဲက အင်တာနက်ကိုအသုံးပြုပီး ထိုင်း နဲ့ အိန္ဒိယ -ဖက်ကပေးပို့တဲ့သတင်းတွေကို ဘာသာပြန်ပေးနေတယ်လို့ဆိုပါတယ်။ နောက်တဦး ကတော့ ထိုင်း-မြန်မာ-ကရင် စကားပြန်တဲ့။ စသဖြင့် သူနည်းသူဟန်နဲ့ဝင်ငွေရှာပီး သူ့ပြသာနာ သူရှင်း နေကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ အဓိက၀င်ငွေဟာ တတိယ-နိုင်ငံရောက် သူတို့ရဲ့ရဲ ဘော်- ရဲဘက် ဟောင်းတွေဆီက အကူညီငွေသာဖြစ်တယ်လို့ ကျနော်ကိုရှင်းပြကြပါတယ်။
အဲဒီအကူညီငွေက ဘယ်လောက်အထိရနေသလဲဆိုတာကိုတော့ ကျနော်အတိအကျ မသိ။ ကျနော်ကိုယ်တိုင်ဦးစီးကောက်ခံလှူတန်းနိုင်ခဲ့တာကတော့ တနှစ်မှ တဦးအတွက် ၂၅၀၀-ဘတ်မျှသာရှိခဲ့ပါတယ်။ ဒါပေမဲ့ တတိယ-နိုင်ငံရောက် ကျနော်ဘော်ဒါတွေဆီက အလှူ ငွေကို မဲဆောက်ကဘန်တွေမှာသွားထုတ်ရင်းနဲ့ ကျနော်မြင်ခဲ့ရတဲ့မြင်ကွင်းအရ Money Gram တွေ Western Union တွေနဲ့ ငွေလွဲသူတွေ အတော်များနေတယ်ဆိုတာကိုတော့ သတိထား မိပါတယ်။ Money Gram -အတွက် ဘန်ကောက်မှာ ကျနော်ငွေသွားထုတ်တော့ - Money Gram သုံးသူ ကျနော်တဦးတည်းရယ်။ ဘန်အရာရှိကတောင် ထူးထူးဆန်းဆန်း မေးလို့ ကြောင်တောင်တောင်-ဖြစ်ခဲ့သေး။
ဒါပေမဲ့ မဲဆောက်မှာ ကျနော်ပစ်ဆံသွားထုတ်တော့ Money Gram -ငွေထုတ်လွာကုန် သွားလို့ဆိုပီး တရက်ထိုင်စောင့်ခဲ့ရပါတယ်။ Money Gram -ငွေထုတ်ပေးတဲ့ TMB -မှာ တန်းစီ စောင့်နေသူဦးရေကလဲ ရာနဲ့ချီတောင်ရှိမလားဘဲ့။ ABSDF- ရဲဘော်ဟောင်းတချီု့ကိုတောင် အဲ ဒီဘန်မှာတွေ့ခဲ့ရပီး သူတို့ရဲ့ငွေလွဲလုပ်ငန်းကနေတ တဆင့်လွဲဖို့တောင် ကျနော်ကို လိပ်စာကဒ် ပေးသွားသေးတယ်ဆိုတော့ မဲဆောက်ခွင်မှာ ငွေ-လွဲရေးလုပ်ငန်းက အတော်အလုပ်ဖြစ်နေတဲ့ သဘောလို့ယူဆနိုင်ပါတယ်။
အဲဒီနေ့ကဆိုရင် မနက် ၁၂-နာရီမထိုးခင် လျောက်လွာတင် နိုင်မှလက်ခံပီး ၁၂-ကျော် သွားရင်တော့ တရက်ထိုင်စောင့်ပေတော့။ ပီးတော့ အဲဒီမှာ ငွေထုတ် နည်းအဆင့်ဆင့်အတွက် မြန်မာလိုစာတန်းတွေကပ်ထားတာတွေ့ရပီး အလုပ်သမားလက် မှတ်။ ယူအင်-လက်မှတ်တွေ နဲ့တောင် ထုတ်နိုင်တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ မြန်မာနိုင်ငံကူး လက် မှတ်နဲ့ဆိုရင်တော့ ထုတ်ခွင့်မပေးပါ။ ကျနော်ကိုင်ထားတဲ့ နော်ဝေး-ခရီးသွားလက်မှတ်မှာ တောင် မြန်မာနိုင်ငံသား Myanmar ပါနေလို့ဆိုပီး ထုတ်ခွင့်မပေးလို့ မနဲရှင်းလင်းပြပီးမှ ထုတ် ခွင့်ရခဲ့တာမျီုးပါ။
ဆိုလိုတာကတော့ တတိယ-နိုင်ငံရောက် ရဲဘော်-ရဲဘက်အချင်းချင်းဆီကပို့တဲ့ ငွေနဲ့ ရပ်တည်နေရတဲ့လူတွေရှိသလို တခြားနည်းမျီုးစုံနဲ့ရပ်တည်နေတဲ့ ခေါတ်သစ် ဒုက္ခသည်တွေ ကိုလဲ ကျနော်တွေ့ခဲ့ရတယ်ဆိုပါတော့။ ဘယ်လိုဘဲ့ဖြစ်ဖြစ် သူတို့တတွေအတွက် တူညီတဲ့ ဦးတည်ချက်ကတော့ တတိယ-နိုင်ငံအမြန်ဆုံးထွက်ခွင့်ရရေးပါ။ ဒါပေမဲ့ ကံတရားက အား လုံးအတွက် တန်းတူမဖြစ်တာလား။ ဘာများလွဲချော်ခဲ့သလဲတော့မသိပါ။ နည်းမျိုးစုံနဲ့ နောက်မှ ၀င်လာသူတွေက အယင်ထွက်ခွင့်ရသွားပီး နိုပိုးမှာ ၆-နှစ်ကြာနေပီဖြစ်တဲ့ ကျနော်တို့ဆီက ရဲဘော်တွေအပါဝင် ဒါဇင်နဲ့ချှီရှိတဲ့လူတွေကတော့ -အမေရိကန်ရဲ့ ဆိုင်းငံ့- ပြည်ဝင်ခွင့်။ လက် နက်ကိုင်ဖူးသူကိုလက်မခံနိုင်သေး- စတဲ့အကြောင်းပြချက်တွေနဲ့ အချိန်တွေကြာနေခဲ့ရပါတယ်။ ဒါပေမဲ့ အခု တော့ အဲဒီ ကိစ္စတွေ ပြေလည်သွားလို့ ဒီနှစ် မကုန် ခင် အမေရိကန်သွားရဘွယ်ရှိတယ်လို့ သူတို့ကမျော်လင့်နေပါတယ်။
တချိန်းတည်းမှာဘဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပီး အပြောင်းလဲတွေ အနဲအကျဉ်း ရှိလာနေပီဖြစ်လို့ ဒီဒုက္ခသည်တွေကို မူရင်းဒေသပြန်ပို့မယ်ဆိုပီးလဲ ထိုင်း-ဖက်က စကားဟ လာနေပါတယ်။ ဒါပေမဲ့ နိုပိုးရှိ ကျနော်ဘော်ဒါတွေကတော့ ဒါတွေဟာ သူတို့လို နိုင်ငံရေးဒုက္ခ သည်တွေနဲ့မဆိုင်ဘဲ စစ်ပြေးဒုက္ခသည်တွေနဲ့သာဆိုင်တယ်။ သူတို့ကိုတော့ ပြန်မပို့လောက် ဘူး။ မူလအစီစဉ်အတိုင်း တတိယ-နိုင်ငံကိုသေချာပေါက်သွားခွင့်ရမယ်လို့ သူက ဆိုပါတယ်။ ဘယ်လိုဘဲ့ဖြစ်ဖြစ် လူဦးရေ-တသောင်းခွဲခန့်-ရှိတဲ့ နိုပိုးအပါဝင် ထိုင်း-မြန်မာနယ်စပ်တကျော က ဒုက္ခသည်စခန်း -( http://www.tbbc.org/ ) ၁၀-ခု။ ပြည်တွင်း ဒုက္ခသည်စခန်း ၈-ခုက ဒုက္ခသည်ဦးရေ တသိန်းခွဲနီးပါးရဲ့ အနာဂါတ်အတွက် ဘယ်သူတွေက ဘယ်လောက် ဆက် လက်ကူညီနိုင်မလဲ။ ဒီစခန်းထဲကလူတွေ အချိန်မြန်မြန် တတိယ-နိုင်ငံထွက်ခွင့်ရအောင် ဘယ် လိုကူည်ီပေးနိုင်မလဲ ဆိုတာကိုစဉ်းစားရင်း နိုပိုး-မဲဆောက် လိုင်းကားပေါ်တက်။ ဘော်ဒါတွေ ကို လက်ပြန်နှုတ် ဆက်ပီး နိုပိုးဒုက္ခစခန်းကနေ ကျနော်ထွက်ခွါလာခဲ့ပါတယ်။


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ