ဒေါက်တာလွဏ်းဆွေ သို့ အကြံပြုစာ

ဒေါက်တာလွဏ်းဆွေ
ကိုလွဏ်းဆွေ ရဲ့ အားလုံးပဲဟောင်းနွမ်းလွန်းလို့ အသစ်ကပြန်စကြစို့ ဆိုတဲ့ဆောင်းပါး အပိုင်း(၁)(၂)(၃) ကို သေချာဖတ်ကြည့်တော့ ချဲ ဂဏန်းထွက်ပြီးမှ  တွက်နည်းပေါင်းစုံနဲ့ မမှန်မှန်အောင် တွက်ပြနေ သလို ပါပဲ။
အင်အယ်လ်ဒီ ဦးဆောင်မှု့ကဏ္ဍ ကို ဝေဖန်တိုက်ခိုက်ရေးသားနေပုံတွေကို ဖတ်ကြည့်လိုက်တော့   န၀တ၊ နအဖ ခောတ် တလျှောက် သတင်းစာတွေ မှာ ဒီဆောင်းပါးနဲ့ပုံစံတူဆောင်းပါးတွေရေးသားခဲ့တဲ့ မအူပင်ခြင်ကြာ ၊ ပေါက်စ၊ ငါးမင်းဆွေ စတဲ့ ဆောင်းပါးရှင်တွေရဲ့  အာဘော်တွေနဲ့  ထပ်တူ ဖြစ်နေတာ ကို  တွေ့ရတယ်။

အင်အယ်လ်ဒီ နဲ့အင်အယ်လ်ဒီ ဥက္ကဌဦးအောင်ရွှေ ၊ အတွင်းရေးမှူးဦးလွင် တို့ ဝေဖန်အကြံပြုချင်ရင်လည်း ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့သာ ဝေဖန်အကြံပြု သင့်ပါတယ်။ ကိုယ်တိုင်သေချာမသိပဲ  ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ စွပ်စွဲရေးသားမှု့တွေဟာ ကိုယ်ကိုယ်တိုင် ဘယ်အဆင့်ရောက်သွားတယ် ဆိုတာ ပြန်ဆန်းစစ် သင့်ပါတယ်။ အင်အယ်လ်ဒီ ကို  ဦးဆောင်ရတာ ဟာ  မြှားနတ်မောင် လို  အောင်သွယ်လုပ်ရတာလောက်   တော့ မလွယ်ပါဘူး။
ကိုလွဏ်းဆွေ ဒီလိုဆောင်းပါးရေးဖြစ်အောင် အတွေးတွေ ဘယ်လိုဝင်လာတယ်ဆိုတာ စဉ်းစားစရာပါ။  အင်အယ်လ်ဒီ က စည်းကမ်းမလိုက်နာလို ထုတ်ပယ်ခံရပြီး ထိုင်းနိုင်ငံဘက်ရောက်လာတဲ့ သူတချို့ ပြောပြ ချက်တွေကို ကိုးကားခဲ့တာလား။ အရက်ဝိုင်းမှာ ဝေဖန်ရင်းလေကန်ရင်းနဲ့ အရက်ဝိုင်းက စကားတွေကို အိမ်သည်လာပြီး အရက်မူးမူးနဲ့ထိုင်ရေးခဲ့တာလား။ ဒါမှမဟုတ် ဦးအောင်ရွှေ နဲ့ ဦးလွင် ကို မြေအောင်ပွေး လို့ စွပ်စွဲထားသလိုမျိုး ၊ ကိုယ်တိုင်က မြေအောင်ပွေး ဖြစ်နေပြီးတော့ နအဖ စစ်ထောက်လှမ်းရေးရဲ့ ခိုင်း စေချက်အရ ရေးနေတာလားဆိုတာ စဉ်းစားစရာပါ။   
ကိုလွဏ်းဆွေ အင်အယ်လ်ဒီပါတီ ရဲ့ ဦးဆောင်မှု့အောက်မှာ အလုပ်မလုပ်ဖူးဘူးဆိုတာတော့   သေချာပါ တယ်။ စစ်အစိုးရနဲ့တိုက်ရိုက်မဆက်ဆံဘူးပဲ ဧည်စရင်း အသံကြားရုံနဲ့ နယ်စပ်ထွက်ပြေးလာတဲ့ အတွက် ပြည်တွင်း မှာ နိုင်ငံရေးပါတီတခုရဲ့ ရပ်တည်မှု့နဲ့ အခက်အခဲတွေကိုမသိလို့   ရေးမိတာ လည်း  ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ 
ဘာပဲဖြစ်ဖြစ် ပြည်သူလူထူအတွက်လည်း အကျိုးမပြု ၊ ကိုယ်အတွက်လည်း အကျိုးမပြုတဲ့ စာတွေကို အထင်နဲ့ရေးသား တင်ပြမှု့တွေရှောင် ရှားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

သစ်ထူးလွင် 


ဒေါက်တာလွဏ်းဆွေ သို့ အကြံပြုစာ ဒေါက်တာလွဏ်းဆွေ သို့ အကြံပြုစာ Reviewed by သစ်ထူးလွင် on 08:34 Rating: 5

No comments:

Powered by Blogger.