နေ၀င်းမောင်နဲ့ တပည့်ကျော်များ

by Journalist's Hittai on Saturday, April 23, 2011 at 6:12am

ဒေါက်တာနေ၀င်းမောင်
ပြည်ပသတင်းဌာနတွေ ဘာ့ကြောင့် ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress က အန္တရာယ်ကြီးမှန်းသိရက်နဲ့ နှာစေးနေကြတာလဲ
စစ်အစိုးရဖြစ်စေချင်တဲ့လမ်းကြောင်းကို နိုင်ငံတကာ အထောက်အပံ့အဒေါ်လာသန်းပေါင်းများစွာယူပြီး အကောင်အထည်ဖော်ပေးနေတဲ့ ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress ဟာ တိုင်းပြည်မှာ အန္တရာယ်အလွန်ကြီးမှန်း
သိပေမယ့်။ BBC. VOA. RAF. DVB. Irrawaddy. Mizzima သတင်းဌာနတွေဟာ သူတို့အကြောင်း သေချာစုံစမ်းသတင်းရေးသားတာမလုပ်ဘဲ နှာစေးနေကြပါတယ်။ ဒါဟာ ဘာ့ကြောင့်လည်းဆိုရင်တော့ အဲဒီသတင်းဌာနတွေမှာ လုပ်ကိုင်နေသူတော်တော်များများဟာ နေ၀င်းမောင်တပည့်တွေချည်းဖြစ်နေလို့ပဲဖြစ်ပါတယ်။
နေ၀င်းမောင်ဟာ ၂၀၀၀ ပြည့်နှစ်ကျော်ကျော်ကတည်းက သူ့ရဲ့ တပည့်တွေကို
နိုင်ငံခြားတက္ကသိုလ်တွေကိုပို့ ပြီးရင် RFA.VOA စတဲ့သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ နောက်ပိုင်းတပည့်တွေကိုလည်း ထိုင်းနိုင်ငံအခြေစိုက် Irrawaddy. Mizzima သတင်းဌာနတွေမှာအလုပ်လုပ်ခိုင်း။ ဟိုသတင်းဌာနတွေကလည်း နေ၀င်းမောင်တပည့်တွေကို အလုပ်ခန့်ထား။ နေ၀င်းမောင်တပည့်တွေက နေရာယူပြီး သူတိုဆရာရဲ့ မကောင်းကြောင်းသတင်းဆိုရင် နှာစေးနေပါတယ်။
အတိအကျပြောရမယ်ဆိုရင်တော့ RFA သတင်းဌာနမှာ နေ၀င်းမောင်ရဲ့ တပည့် ကျော်ကျော်အောင်၊ အခု မေစောမြင့်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ထားထားမြင့်၊ ဧရာဝတီသတင်းဌာနမှာ ခက်ထန်လို့နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ဖုန်းမြင့်ဦး၊ ခင်ဦးသာလို့နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ခင်ဌေးကြွယ်၊ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ စိန်ဝင်းကတော့ The voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေနဲ့ ကမ္ဘောဒီးယားမှာ သင်တန်းသုံးလအတူတူတက်ခဲ့ပြီး ထွန်းထွန်းလို့ခေါ်တဲ့သူကတော့ The Voice ဂျာနယ်က ကွန်ပြူတာ စာစီစာရိုက် အောင်ထွန်းလင်းပါ။
(မနေ့က မေ့ကျန်ခဲ့လို့ သူ့ကိုထင်ယောင်ထင်မှားဖြစ်နေလို့ ထပ်ဖြည့်ပေးလိုက်ပါတယ်။ The Voice ဂျာနယ်က proof reader ဖြစ်သူ သိင်္ဂီထိုက်ဟာလည်း mizzima မှာ မေကျော်ဆိုတဲ့ နာမည်နဲ့ အလုပ်လုပ် နောက်တော့ နှာဘူးကြီးတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ VOA မှာအလုပ်ရသွားလေရဲ့ )
နေ၀င်းမောင်ဟာ ဒီလူတွေ ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနတွေကို မရောက်ရောက်အောင် အတင်းပို့ပြီး သူ့လုပ်ရပ်တွေကို ပြည်ပသတင်းဌာနတွေက နှာစေးနေဖို့ ကြိုတင်အကွက်ချစီစဉ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ The Voice ဂျာနယ်က အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာလည်း ပြည်ပမီဒီယာတွေရဲ့ Correspondant တွေဖြစ်ပြီး အန္တရာယ်ဖြစ်မှာစိုးလို့ တစ်ဦးချင်းနာမည်တော့ မပြောတော့ပါဘူး။
နေ၀င်းမောင်ဟာ Myanmar Egress Media Centre ကိုတည်ထောင်ထားပြီးတော့ သတင်းထောက် အယောက် ၂၀ လောက်ခန့်ထားကာ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သတင်းမှန်သမျှကို ထောက်လှန်းရေး သဖွယ် စုစောင်း။ အစိုးရထောက်လှန်းရေးကို ပေးသင့်တာပေး၊ အတိုက်အခံတွေကြားက အကွဲအပြဲသတင်းဆိုရင်လည်း ပြည်ပရောက်နေတဲ့ သူ့တပည့်တွေနဲ့ချိတ်ဆက်ပြီး အရင်ဦးအောင်ပို့ အတိုက်အခံတွေပျိုကွဲအောင်လုပ်နေပါတယ်။
အဲဒီတော့ ပြည်ပသတင်းဌာနတွေအနေနဲ့ရော၊ အဲဒီသတင်းဌာနတွေရောက်နေတဲ့ နေ၀င်းမောင်တပည့် တွေရော ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်ဘာကိုယ်စဉ်းစားဆုံးဖြတ်ကြစေချင်ပါတယ်။

စာကြွင်း။      နေ၀င်းမောင်ဟာ သူ့ဂျာနယ်က သန့်ရှင်းရေးပဲဖြစ်ဖြစ်၊ ဖြန့်ချိရေးဝန်ထမ်းပဲဖြစ်ဖြစ်၊ Proof Reader ကိုပဲဖြစ်ဖြစ် ရာထူးအကြီးကြီးတွေ ထွင်ပေးထားပြီး လူအထင်ကြီးအောင်လုပ်ထားတက်ပါတယ်။

နေ၀င်းမောင်နဲ့ တပည့်ကျော်များ နေ၀င်းမောင်နဲ့ တပည့်ကျော်များ Reviewed by သစ်ထူးလွင် on 09:18 Rating: 5

No comments:

Powered by Blogger.